မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၅-၅-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၃၁၄၄၂.၈၁၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၈.၅၂၉) သန်း၊ နယ်စပ်မှ (၁၆၈၇၄.၁၉၅) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၅.၅၁၉) သန်း၊ စုစုပေါင်း (၁၄၈၃၁၇.၀၀၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၄.၀၄၈) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၅-၅-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၅-၅-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၃၆.၆၁၈ | ၀.၄၄၈ | ၃၇.၀၆၆ | |
ကီလို | ၄၇၀၂၇.၅၇၅ | ၄၂၈.၀၀၀ | ၄၇၄၅၅.၅၇၅ | |||
၂ | ပဲတီစိမ်း | US$ | ၂၈.၆၀၅ | ၄.၈၆၉ | ၃၃.၄၇၄ | |
ကီလို | ၄၂၉၁၁.၅၉၈ | ၇၆၂၈.၅၉၂ | ၅၀၅၄၀.၁၉၀ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၁၈.၂၀၈ | ၀.၀၀၀ | ၁၈.၂၀၈ | |
ကီလို | ၂၂၆၀၅.၀၂၅ | ၀.၀၀၀ | ၂၂၆၀၅.၀၂၅ | |||
၅ | ကုလားပဲ | US$ | ၀.၂၁၄ | ၀.၀၀၀ | ၀.၂၁၄ | |
ကီလို | ၂၃၉.၂၃၅ | ၀.၀၀၀ | ၂၃၉.၂၃၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၄.၁၇၀ | ၀.၂၃၇ | ၄.၄၀၇ | |
ကီလို | ၆၈၃၈.၁၇၃ | ၃၉၃.၀၀၀ | ၇၂၃၁.၁၇၃ | |||
၇ | မြေထောက်ပဲ | US$ | ၂.၀၈၃ | ၁.၁၅၁ | ၃.၂၃၄ | |
ကီလို | ၁၇၂၃.၉၂၉ | ၉၀၅.၅၀၀ | ၂၆၂၉.၄၂၉ | |||
၈ | ထောပတ်ပဲ | US$ | ၄.၁၂၉ | ၂.၀၇၁ | ၆.၂၀၀ | |
ကီလို | ၄၃၀၀.၃၃၀ | ၂၀၁၀.၆၅၆ | ၆၃၁၀.၉၈၆ | |||
၉ | ပဲယင်း | US$ | ၂.၈၇၈ | ၀.၉၆၈ | ၃.၈၄၆ | |
ကီလို | ၃၇၀၄.၈၅၇ | ၁၀၈၂.၀၀၀ | ၄၇၈၆.၈၅၇ | |||
၁၀ | ပဲကြီး | US$ | ၀.၆၇၁ | ၀.၂၆၂ | ၀.၉၃၃ | |
ကီလို | ၆၆၈.၈၃၀ | ၂၆၁.၅၀၀ | ၉၃၀.၃၃၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၄၅၄ | ၀.၄၅၄ | ||
ကီလို | ၇၂၇.၀၂၀ | ၇၂၇.၀၂၀ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၀၀ | ၀.၀၀၀ | ၀.၁၀၀ | |
ကီလို | ၁၅၃.၀၀၀ | ၀.၀၀၀ | ၁၅၃.၀၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၁၀၄ | ၀.၁၀၄ | ||
ကီလို | ၁၇၂.၅၀၀ | ၁၇၂.၅၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၀.၂၇၉ | ၀.၀၀၀ | ၀.၂၇၉ | |
ကီလို | ၄၅၁.၅၀၀ | ၀.၀၀၀ | ၄၅၁.၅၀၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၂၂၁ | ၀.၂၂၁ | ||
ကီလို | ၄၂၈.၀၀၀ | ၄၂၈.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၁၄၁ | ၀.၁၄၁ | ||
ကီလို | ၁၈၆.၀၀၀ | ၁၈၆.၀၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၀.၁၁၃ | ၄.၉၆၆ | ၅.၀၇၉ | |
ကီလို | ၈၄.၀၀၀ | ၃၂၄၄.၀၄၇ | ၃၃၂၈.၀၄၇ | |||
၂၁ | အခြားပဲ | US$ | ၀.၀၀၃ | ၀.၀၈၁ | ၀.၀၈၄ | |
ကီလို | ၃.၀၀၀ | ၁၃၄.၄၀၀ | ၁၃၇.၄၀၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၈.၅၂၉ | ၁၅.၅၁၉ | ၁၁၄.၀၄၈ | ||
ကီလို | ၁၃၁၄၄၂.၈၁၂ | ၁၆၈၇၄.၁၉၅ | ၁၄၈၃၁၇.၀၀၇ |