မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန်တင်ပို့နိုင်မှုအခြေအနေ

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၁) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၁.၆၀၀) တန် ၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း ၊ငါးမှုန့် တစ်တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၃၂၅) တန် ၊ တန်ဖိုး (၀.၂၉၃) ဒေါ်လာသန်း ၊ စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၃၃၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှ ဩဂုတ်လ(၁)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုပုစွန်စာ တစ်တန်လျှင် (၁၂၁၂) ဒေါ်လာနှုန်းဖြင့် (၁၅၀)တန်၊ တန်ဖိုး (၀.၁၈၂) ဒေါ်လာသန်းအား တင်သွင်းခဲ့ပါသည်။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၅၆၈) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။