လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၁-၁၀-၂၀၂၃) မှ (၁၅-၁၀-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၉၆.၀၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၂၂.၀၀)တန်၊တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း၊ ပြောင်း (၄၅၇.၀၀) တန်၊ တန်ဖိုး (၀.၁၂၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင်(၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်အတွင်းဆေးဝါးပစ္စည်း (၈၂၆၀၀) U၊ တန်ဖိုး(၀.၀၁၄) ဒေါ်လာသန်း၊ တာယာ (၉၇) U ၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ စက္ကူလိပ် (၂.၅၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ပိတ်လိပ် (၃၉.၆၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ရိတ်သိမ်းခြွေလှေ့စက် (၄) U ၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာ သန်း၊ ထွန်စက် (၈၆) U ၊ တန်ဖိုး (၀.၁၀၀) ဒေါ်လာသန်း၊ ချည် (၄၁.၄၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာ သန်း၊ မြက်ခင်းတု (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၂.၇၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ သံပိုက်/ သံပြား (၆၀.၅၀) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ ကုန်စုံ (၂၅၈.၂၀) တန်၊ (၁၁၇၄၅) U၊ (၁၂၀၀) Pr၊တန်ဖိုး (၀.၃၆၃) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀) ဒေါ်လာ၊ချည်ခင်တစ်တန်လျှင်(၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ(၁၂)ဘီး ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး- လက်ပံလှ- ဗန်းမော်-မိုးမောက် (ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော် ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၀-၁၀-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၄၆)ကျပ်ဖြစ်ခဲ့ပြီး ၁၅-၁၀-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၅၅)ကျပ်ဖြစ်၍မြန်မာ ကျပ်ငွေဈေး ကျခဲ့ကြောင်း သိရှိရပါသည်။