မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

  မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၈၁၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၂၈)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၈၄၁)သန်း ကုန်သွယ်မှုဆောင်ရွက် နိုင်ခဲ့သည်။

   မောတောင်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၁၄)တန်၊ ရွှံ့ဂဏန်း(အရှင်) (၁၀.၈) တန်၊ ဂျင်းခရု (အရှင်) (၇.၆) တန်၊ ဂဏန်း(အသေ) (၁၅.၅)တန်၊ ရေခူဆားနယ်  (၂၅.၄) တန်၊ ကျောက်ပုဇွန်(အရှင်) (၁.၂၃)တန်၊ ငှက်ပျောသီး (၅၀)တန်၊ ငရုတ်သီးစိမ်း (၁၅.၈)တန်၊ ကြက်သွန်နီ (၉၅)တန်၊ တံမြက်စည်း (၁၆၈၀၀) ခု၊ တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၅) တန်၊ ကြွေပြား(၃၀၀) စတုရန်းမီတာ ဖြစ်သည်။

   ၄-၁၁-၂၀၂၃ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၀၈၆) ဘတ်၊ (၁) ဘတ် လျှင် မြန်မာငွေကျပ် (၉၂.၀၈) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။