၂၀၁၉ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေများအတွက် နည်းဥပဒေများအပြင် မူပိုင်ခွင့်နဲ့ ဆက်နွှယ်သည့် အခြားနည်းဥပဒေများ ရေးဆွဲလျက်ရှိပါသလား၊ ရှိပါကရေးဆွဲပြီးစီးမှု အခြေအနေလေး သိပါရစေ။

၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနဲ့ တီထွင်မှုမူပိုင်ခွင့်ဥပဒေများကို အကောင် အထည်ဖော်ရန် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ လက်ရာများ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။ တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေကိုထုတ်ပြန်နိုင်ရေးလုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်လျက်ရှိပါတယ်။
မူပိုင်ခွင့်နဲ့ ဆက်နွှယ်သည့် အခြားနည်းဥပဒေ (၃) ခုကိုလည်းရေးဆွဲလျက်ရှိပါတယ်။ မူပိုင်ခွင့် ဆိုင်ရာအေဂျင်စီနည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေး ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ (CMO)၊ ဒေသ ဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေတို့ဖြစ်ပါတယ်။

IP