ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအပေါ် ဌာနမှ လိုင်စင်ခွင့်ပြု(Approve) ပြုလုပ်ပြီး ဘယ်နှစ်ရက်အတွင်း Online Payment ပေးချေပြီးလိုင်စင်ထုတ်ယူရပါသလဲ? (၇) ရက်ကျော်မှ ထုတ်ယူပါက မည်သို့ဖြစ်နိုင်သလဲ?

ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအပေါ် ဌာနမှ လိုင်စင်ခွင့်ပြု (Approve) ပြုလုပ်ပြီး ၇ ရက်အတွင်း Online Payment ပေးချေပြီးလိုင်စင်ထုတ်ယူရပါသည်။ Approve ကျပြီး ၇ ရက် ကျော်ပါက လိုင်စင်ကြေးအပြင် အောက်ပါအတိုင်း ရက်အလိုက်ဒဏ်ကြေးများကို ပေးသွင်းရမည် ဖြစ်ပါသည် -
    (က)    ၈ ရက်မှ ၁၄ ရက်အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၄၅၀၀၀ ၊
    ( ခ )    ၁၅ ရက်မှ ၃၀ ရက်အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၉၀၀၀၀ ၊
    ( ဂ )    ဒုတိယတစ်လ (ရက်ပေါင်း ၃၀) အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၁၈၀၀၀၀ ၊
    (ဃ)    တတိယတစ်လ (ရက်ပေါင်း ၃၀) အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၃၆၀၀၀၀ ၊
    Approve ကျပြီး ရက် ၃၀ အတွင်း လိုင်စင်ထုတ်ယူခြင်းမရှိပါက အဆိုပါလိုင်စင်သည် စနစ် အတွင်းမှ Auto Cancel ဖြစ်သွားမည်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်မျိုး ၃ လအတွင်း ၅ ကြိမ် ဖြစ်ပွားပါက ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ် (ပသက) ယာယီ ၆ လ စနစ်မှ အလို အလျောက် ပိတ်သိမ်းမည်ဖြစ်ပါသည်။