တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၀-၄-၂၀၂၄ မှ ၂၆-၄-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၈,၉၂၄.၁၇၁) တန်၊ တန်ဖိုး (၁.၉၉၈) ဒေါ်လာသန်း၊ လိမ္မော်သီး (၃၉.၆၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၂၉.၅၀၀) တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊ MARBLE STONE ASSORTED (၇.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၀၁) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၂၂၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၅၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၂.၁၅၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၉၄၅.၀၀၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

      တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၀-၄-၂၀၂၄ မှ ၂၆-၄-၂၀၂၄) တွင် ဓာတ်ဆီ (၃,၅၈၈) BBL၊ တန်ဖိုး (၀.၃၅၁) ဒေါ်လာသန်း၊ ဒီဇယ် (၃,၆၆၈) BBL ၊ တန်ဖိုး (၀.၃၉၁) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၇၆) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၈၅) ဒေါ်လာသန်း၊ စက်ဘီးအပိုပစ္စည်း (၀.၀၁၀) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၃၉) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၁၇) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၄၃) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၁၁) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၀၂၃) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၄၄) ဒေါ်လာသန်း နှင့် အခြားပစ္စည်း (၀.၀၇၁) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၁.၃၆၁) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။