ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဘယ်လိုဖွဲ့စည်းထားသလဲ။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပဓာနရည်ရွယ်ချက်မှာ ကုန်သွယ်မှုစီးဆင်းမှုကို တတ်နိုင်သမျှ ကြိုတင်မှန်းဆ စေနိုင်ပြီး ချောမွေ့စွာ စီးဆင်းစေရန်နှင့် အဖွဲ့ဝင်များသည် ကုန်သွယ်မှုကို အသုံးချပြီး ပြည်သူများ ၏ လူနေမှုအဆင့်အတန်းမြှင့်တင်ရေးကိုကူညီပေးရန် ဖြစ်ပါသည်။ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့တွင်အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၆၄ နိုင်ငံရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၉၈ % ရှိပါသည်။ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ဆွေးနွေးဆဲ နိုင်ငံပေါင်း ၂၅ နိုင်ငံ ရှိပါသည်။ ဆုံးဖြတ်ချက်များကို အဖွဲဝင်အားလုံး၏ဆန္ဒ ဖြင့်ချမှတ်ပါသည်။ များသောအားဖြင့် တူညီဆန္ဒဖြင့် ချမှတ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ထိပ်တန်းအဆင့် ဆုံးဖြတ်ချက်များ ကို ဝန်ကြီးများညီလာခံမှ ချမှတ်ပြီး ညီလာခံအစည်းအဝေးများကို ၂ နှစ် တစ်ကြိမ် ကျင်းပပါသည်။