ဝန်ဆောင်မှုကုန်သွယ်မှုဆိုသည်မှာ အဘယ်နည်း။

ဘဏ်များ၊ အာမခံကုမ္ပဏီများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ် လုပ်ငန်းစုများနှင့် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် ပြည်ပတွင်စီးပွားရေးလုပ်ကိုင်ရန် နည်း လမ်းများရှာဖွေရာတွင် ကုန်စည်ကုန်သွယ်မှု၌ မူလကကျင့်သုံးခဲ့သည့် ပိုမိုပွင့်လင်းမြင်သာမှုရှိ သောကုန်သွယ်မှု၏ တူညီသောအခြေခံမူများကို နှစ်သက်ကြပါသည်။ ယင်းအခြေခံမှုများသည် ဝန်ဆောင်မှုကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက် (GATS) တွင်ပါဝင်လာခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များသည် GATS သဘောတူညီချက်အောက်တွင် ၎င်းတို့၏ ဝန်ဆောင် မှု ကဏ္ဍများမှ ပြည်ပယှဉ်ပြိုင်မှုစျေးကွက်များသို့ ဖွင့်လှစ်ရန်ဆန္ဒရှိကြောင်းနှင့် အဆိုပါ စျေးကွက် များ မည်သို့ဖွင့်လှစ်ထားကြောင်း ဖော်ပြထားသည့် အဖွဲ့ဝင်တစ်ဦးခြင်းဆိုင်ရာ သီးခြားကတိက ဝတ်များ ချမှတ်ထားပါသည်။