ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်များကို မည်သည့်အခြေအနေမျိုးတွင် ကင်းလွတ် ခွင့်ပေးပါသလဲ?

လုပ်ငန်းတွေပူးပေါင်းပြီးသော်လည်း ထိုပေါင်းစည်းထားတဲ့လုပ်ငန်းက SME အရွယ်အစား၌ပင် ရှိနေသေးခြင်း၊ ပူးပေါင်းထားသောလုပ်ငန်းများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောလုပ်ငန်းက ဒေဝါလီခံရတော့မယ့်အခြေအနေမှာ ရှိနေခြင်း၊ လုပ်ငန်းများပူးပေါင်းခြင်းကြောင့် ပို့ကုန်တင်ပို့မှုကို မြင့်တက်စေ ခြင်း၊ နည်းပညာတိုးတက်စေခြင်း ဒါမှမဟုတ် စွန့်ဦးတီထွင်လုပ်ငန်းများ တည်ထောင်ခြင်းကဲ့သို့သော အခြေအနေမျိုးမှာ ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တွေကနေ ကင်းလွတ်ခွင့်ပေးနိုင်ပါတယ်။