ယှဉ်ပြိုင်မှုကိုဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေဆိုတာ ဘာတွေလဲ?

ဈေးနှုန်းညှိနှိုင်းသတ်မှတ်ခြင်း၊ ဈေးကွက်ခွဲဝေရယူခြင်း၊ ထုတ်လုပ်မှုကို ကန့်သတ်ခြင်း၊ လေလံညှိနှိုင်းရယူခြင်း၊ ရောင်းချရန်/ ဝယ်ယူရန် ငြင်းပယ်ခြင်း၊ ကုန်ပစ္စည်းများကို အတင်းအကျပ် ပူးတွဲရောင်းချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ပြန်လည်ရောင်းချသည့် ဈေးနှုန်းများကို ကန့်သတ်ခြင်း၊ ဖြန့်ချိမှုကို ကန့်သတ်မှု များပြုလုပ်ခြင်း၊ လုပ်ငန်းများ ပူးပေါင်းခြင်းနှင့် ရယူခြင်း၊ ဈေးကွက်လွှမ်းမိုးမှု ကို အလွဲသုံးစားပြုခြင်း၊ လိမ်လည်လှည့်ဖျား၍ ကြော်ငြာရောင်းချခြင်း အစရှိတဲ့အပြုအမူတွေက ယှဉ်ပြိုင်မှုကိုဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။