ရွှေတောင်မြို့နယ်တွင် မိုးနှမ်းများရိတ်သိမ်းပြီးစီး၍ တောင်သူများအကျိုးအမြတ်ရ

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် သီးနှံမျိုးစုံ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းသီးနှံ စုစု‌ပေါင်း ၃၂၂၆ ဧက စိုက်ပျိုးထားရှိခဲ့ပြီးဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာတွင် မိုးနှမ်း ၁၇ ဧကခန့်စိုက်ပျိုးထားရှိကြောင်း သိရသည်။

   မိုးနှမ်းကို ဇွန်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ လုပ်သားခ၊ သွင်းအားစု အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၄ သိန်းခန့် ကုန်ကျပြီး တစ်ဧကလျှင် ၁၀ တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ် မိုးနှမ်းတစ်တင်းလျှင် ငွေကျပ် ၁၅၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်း အမြတ် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေတောင်မြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ ရောင်းချလျက်ရှိပြီး ယခင်နှစ်ကထက်  တစ်တင်းလျှင် ငွေကျပ် ၅၀,၀၀၀ ပိုမိုရရှိသောကြောင့် တောင်သူများ အကျိုးအမြတ် ရရှိလျက်ရှိကြောင်း သိရှိရသည်။

DOCA (ပဲခူး)