စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ လွှဲပြောင်းပေးနိုင်ပါသလဲ။
စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရးပိုင်ရှင်သည် အခြားပုဂ္ဂိုလ်တစ်ဦးဦး/အဖွဲ့အစည်းအား တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ အမွေဆက်ခံခြင်း၊ သေတမ်းစာရေးခွင့်ရှိသူက သေတမ်းစာဖြင့် ပေးခြင်း၊ ပေးကမ်းခြင်း သို့မဟုတ် လှူဒါန်းခြင်း၊ ပိုင်ဆိုင်ခွင့်ကို တည်ဆဲဥပဒေတစ်ရပ်ရပ် အရ လွှဲပြောင်းခြင်း၊ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း စသည့် နည်းလမ်းတစ်ရပ်ရပ် ဖြင့် လွှဲပြောင်းနိုင်ပါသည်။
IP FAQ Category