ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသောဥပဒေများသင်တန်း (သတင်းအပြည့်အစုံ)
ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသောဥပဒေများသင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား အစဉ်အဆက်လိုက်နာခဲ့သောစည်းမျဉ်း၊ အများပြည်သူတို့လိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ပြဌာန်းထားသည့်စည်းမျဉ်း၊ ဥပဒေအဖြစ်ပြဌာန်းပေးရန် တင်သွင်းသော (မူကြမ်း) တို့ကိုသိရှိစေရန် ရည်ရွယ်၍ “ ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသောဥပဒေများသင်တန်း” ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။
၃။ “ ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသောဥပဒေများသင်တန်း”ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၆) ရက်နေ့မှ (၂၇) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဌာနခွဲအနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ အဆိုပါသင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ကုန်သွယ်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုဇနမြင့်အောင် က သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။