ရုံးသုံးကွန်ပျုတာအသုံးပြုမှုနှင့် Hardware အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄) (သတင်းအပြည့်အစုံ)
ရုံးသုံးကွန်ပျုတာအသုံးပြုမှုနှင့် Hardware အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။s
၂။ အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား ကွန်ပျုတာအသုံးပြုမှုအရည်အချင်းတိုးတက်စေရန် ရည်ရွယ်၍ “ ရုံးသုံး ကွန်ပျုတာအသုံးပြုမှုနှင့် Hardware အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄)” ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါ သည်။
၃။ “ ရုံးသုံးကွန်ပျုတာအသုံးပြုမှုနှင့် Hardware အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄)” ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၆) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၃၀) နာရီထိ Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ အဆိုပါသင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး၊ ကုန်သွယ်ရေး ဦးစီးဌာနရှိ အမှုထမ်း (၂၀) ဦးတို့ တက်ရောက်သင်ကြားလျက်ရှိပါသည်။