ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်း (၂/၂၀၂၄)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်ခဲ့သည့် သတင်း
ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်း (၂/၂၀၂၄)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်ခဲ့သည့် သတင်း
၁။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင် မည့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းအမှတ်စဉ် (၂/၂၀၂၄) နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် ကွန်ပျုတာ အသုံးပြုမှုအဆင့်မြင့်သင်တန်းအမှတ်စဉ် (၂/၂၀၂၄) တို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၂၀) ရက်နေ့ထိ ဖွင့်လှစ်လျက်ရှိပါသည်။
၂။ အဆိုပါသင်တန်းကို နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်း ဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈၇) ဦး တို့ဖြင့် ညီလာခံခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၃။ ကုန်သွယ်မှုနှင့်ဆက်စပ်သည့်စနစ်များ အသုံးပြု၍ ကုန်သွယ်မှုစာရင်းဇယားများ ဆောင်ရွက်ရာ တွင် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ BTOS စနစ်အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအား ကျွမ်းကျင်စွာအသုံးပြုနိုင်စေရန်နှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် ကွန်ပျူတာအသုံးပြုမှုအဆင့်မြင့် သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ကို သင်တန်းသား၊ သင်တန်းသူ (၁၆) ဦး တို့ဖြင့် Multimedia သင်တန်း ခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။