ပခုက္ကူမြို့နယ်၌ ဆေးရွက်ကြီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ မြင်းကျွန်း၊ ကျွန်းညို၊ သံပုရာ ပင်ကုန်း၊ မှိုက်ပင်ကုန်း၊ တင်းဂါတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် အစေ့ထုတ်ပြောင်း (CP)၊ ငရုတ်၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံ မျိုးစုံကို စိုက်ဧက ၄၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဆေးရွက်ကြီးကို အောက်တိုဘာလတွ င် စတင်စိုက်ပျိုးပြီး မတ်လတွင် ခူးဆွတ်ရိတ်သိမ်းကြ ကြောင်း၊ မျိုးအနေဖြင့် ဗမာဆေးရွက်ကြီးမျိုးကို အများဆုံးစိုက်ပျိုးကြပြီး ယခင်နှစ်က ထွက်ရှိသော မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးခြင်းအပြင် ပျိုးပင်ကို ဝယ်ယူ၍လည်း စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည် လျှင် ငွေကျပ် ၂၀,၀၀၀ ခန့်နှင့် ပျိုးပင်တစ်ပင်ကို ၂၀ ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုး မှုအနေဖြင့် ဆေးရွက်ကြီးကို သဲနုန်းမြေအမျိုးအစားတွင် စိုက်ပျိုးကြပြီး မြေအောက်ရေအပြင် ရေလိုအပ်ပါက ရေသွင်းစိုက်ပျိုးကြောင်း၊ ပျိုးထောင်ပြီး ၄၅ ရက်အကြာတွင် မြေပေါ်သို့ချ၍ စိုက်ပျိုး ကြပြီး တစ်ဧကလျှင် ဆေးရွက်ကြီး ပျိုးပင် ၇,၀၀၀ ခန့်စိုက်ပျိုးနိုင်ကြောင်း၊ ယခင်နှစ်က တစ်ဧက လျှင် ငွေကျပ် ၃၀ သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ ၁,၁၀၀ ခန့် ထွက် ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၉,၀၀၀ - ၁၀,၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ငွေကျပ် သိန်း ၆၀ ခန့် အမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မျိုး၊ သွင်းအားစု၊ အလုပ်သမားခနှင့် စက်သုံးဆီဝယ်ယူခ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ယခုအချိန်တွင် ဆေးရွက်ကြီးအပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်နှစ်ကဲ့သို့ ဈေးနှုန်း ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)