ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပဲကြားသီးနှံများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိ ရာ ပဲကြားသီးနှံကို ဧက ၄၀၀ ခန့် စိုက်ပျိုးထားရှိပြီး မကျီးကန်၊ တောင်တွင်းနှင့် ညောင်ဝန်ကျေးရွာ များတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
ပဲကြားသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၄ လ အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ပဲကြားတစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က ပဲကြားတစ်ဧကလျှင် ၁၂ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ပဲကြော်လုပ်ငန်းရှင်များနှင့် မန္တလေး၊ ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ပဲကြားသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် စျေးနှုန်းကောင်းမွန်ပါက တောင်သူများ အမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြားသီးနှံစိုက် တောင်သူ တစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)