ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ စသည့် ကုန်မျိုးစုံများအားသက်သာသောဈေးနှုန်းဖြင့် နှစ်ဆယ့်သုံးရက်မြောက်နေ့ အဖြစ် လှည့်လည် ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဧပြီ ၂၂

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံ ဈေးကားများသည်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ဧပြီလ ၂၂ ရက်နေ့တွင် နှစ်ဆယ့်သုံးရက်မြောက်နေ့အဖြစ် ဈေးကား ၇ စီးဖြင့် လှည့်လည်ရောင်းချပေးကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံဝန်ထမ်း အိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ နေပြည်တော်ကောင်စီဝန်ထမ်း အိမ်ရာရှိ ဝန်ထမ်းများအား ဆန် ၆ ပြည်ပါ (မနောသုခ-Export Quality) ၉၂၀၆ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၁၀၃ အိတ်၊ ဆီ ၂၃၅၂၀ ပိဿာ၊ ဆား ၂၅ ကျပ်သားပါအိတ် ၅၆၁၅ ထုပ်၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၄၈၄၄ ထုပ်၊ ငါးပိ ၂၁၆ ပိဿာ၊ ငါးခြောက် ၁၀ ကျပ်သားပါ ၅၉ ထုပ်၊ ကြက်ဥ၊ ဘဲဥများနှင့်၊ ခေါက်ဆွဲခြောက်ထုပ် များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့်နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ပါသည်။

     အလားတူ မန္တလေးမြို့တွင် ဈေးကား လေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၄၇၆ အိတ်၊ စားအုန်းဆီ ၃၉၆၀၀  ပိဿာ၊ ဆား ၂၅ ကျပ်သားပါ ၇၆ ထုပ်၊ ကုလားပဲ ၂၅ ကျပ်သားပါ ၆၃ ထုပ်၊ ငါးပိ ၁၅ ပိဿာ၊ ငါးခြောက် ၁၀ ကျပ်သားပါ ၉၇ ထုပ်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ကြောင်းနှင့်စစ်ကိုင်းမြို့တွင်‌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (‌ရွှေဝါထွန်း) ၂၆၈ အိတ်၊ စားအုန်းဆီ ၃၈၆၀ ပိဿာ၊ ဆား ပိဿာ ၇ ပိဿာ၊ ကုလားပဲ (၂၀)ကျပ်သားပါ ၁၃၈ ဘူး၊ ငါးပိ ၁၁ ပိဿာ၊ ငါးခြောက် ၁၀ ပိဿာ၊ ကြက်သွန်နီ ၄၉၀ ပိဿာ၊ အသားတု ၁၈ ပိဿာ၊ ကြက်ဥ၊ ဘဲဥများနှင့် ပုဇွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး ရေသန့်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။