သိမ်းဆည်းရမိ တရုတ်ခရမ်းချဉ်သီးများကို လေလံတင်ရောင်းချ

   နောင်ချိုမြို့ Asia World တိုးဂိတ်အနီး အခြေပြုတဲ့ Mobile Team လရ-၁ အဖွဲ့သည် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိစဉ် ဒီဇင်ဘာလ ၄ ရက်တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ ကင်တာယာဉ်အမှတ် IE/xxxx  နဲ့ 5F/xxxx ယာဉ် (၂) စီးပေါ်မှ (1x10 kg) နဲ့ (1x13 kg) ပါ တရုတ်ခရမ်းချဉ်သီးခြင်းများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း ကင်တာယာဉ်အမှတ် 6H/xxxx နဲ့ 1H/ xxxx  ယာဉ်နှစ် စီးပေါ်မှထပ်မံ၍ ခရမ်းချဉ်သီးခြင်း ၁၃၀ ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ် လေးစီးပေါ်မှ သိမ်းဆည်းရမိ  တရုတ်နိုင်ငံထုတ် ခရမ်းချဉ်သီးခြင်းများမှာ ပုပ်သိုးပျက်စီးလွယ်ပစ္စည်း များဖြစ်သဖြင့် ကြမ်းခင်းဈေးသတ်မှတ်ပြီး လေလံတင်ရောင်းချခဲ့ရာ လေလံတင်ရောင်းချရငွေ ကျပ် ၁၂ သိန်းကျော်ရှိတယ်လို့သိရပါတယ်။

DCCA