စည်သွပ်ဘူးများနဲ့ထည့်သိုသော စားသောက်ကုန်အချိုရည်များတွင်ပါဝင်သော ဓာတုပစ္စည်း Bisphenol -A BPA ကြောင့် အင်ဒိုခရိုင်းကို ပျက်စီးစေနိုင်
စည်သွပ်ဘူးများနဲ့ ပလတ်စတစ်ပုလင်းများရဲ့အတွင်းမှာ လိုင်နာအဖြစ်အသုံးပြုတဲ့ Bisphenol -A BPA ဓာတုပစ္စည်းတစ်မျိုးကို အသုံးပြု ထားတာဖြစ်ပါတယ်။ လေ့လာသုတေသနပြုထားချက်များအရ BPAသည် အင်ဒိုခရိုင်းကိုပျက်စီးစေသော ဓာတုပစ္စည်းအဖြစ်ထုတ်ပြန်ထားပါတယ်။ အဆိုပါ BPA ဒြပ်ပေါင်းဟာ ခန္ဓာကိုယ်ရဲ့ အင်ဒိုခရိုင်းစနစ်၊ မျိုးပွားမှု၊ အာရုံကြောပိုင်းဆိုင်ရာများကို ပျက်စီးစေနိုင်တယ်လို့ သုတေသီများက ပြောကြား ပါတယ်။ Scoul Notional University College of Medicine rS Yun - Chul Hong နဲ့ အဖွဲ့ဟာ အသက်၆၀ နဲ့ အထက်ရှိ ကိုးရီးယားအမျိုးသား၊ အမျိုးသမီး ၆၀ ကိုသုတေသနပြုရာမှာအသုံးပြုခဲ့ကြပါတယ်။ အဆိုပါအသက် ၆၀ နဲ့ အထက်အမျိုးသား၊ အမျိုးသမီးများကို သံဘူး (သို့မဟုတ်) ဖန်ပုလင်းများနဲ့ ထည့်ထားသော ပဲနို့များကို သောက်သုံးစေခဲ့ပါတယ်။ ထိုသို့စားသောက်စေပြီး ၂ နာရီကြာပြီးနောက် ဆီးနမူနာများကို ရယူ၍ BPA ပါဝင်မှုပမာဏ စစ်ဆေးရန် ဓာတ်ခွဲခန်းသို့ နမူနာပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် Blood pressure ၊ နှလုံးခုန်နှုန်းတို့ကိုလည်းတိုင်းတာထားပါတယ်။ စည်သွပ်ဘူးထဲမှ ဖျော်ရည်သောက်သုံးမှုနဲ့ ဖန်ပုလင်းထဲမှ ဖျော်ရည်သောက်သုံးမှုကို ပြုလုပ်ပြီးနောက် ဆီးထဲမှာ BPA ပါဝင်မှုဟာ ဖန်ပုလင်း က ဖျော်ရည် သောက်သုံးမှုထက်စည်သွပ်ဘူးထဲက ဖျော်ရည်သောက်သုံးခြင်းဟာ ၁၆၀ဝ ရာခိုင်နှုန်းထိမြှင့်တက်တာကို သုတေသီများ ကတွေ့ရှိခဲ့ကြပါတယ်။ Blood pressure ကလည်း ပိုမိုမြင့်တက်တာကို တွေ့ရတဲ့အတွက် စည်သွပ်ဘူးထဲက အချိုရည်ကိုသောက်သုံးခြင်းရဲ့ အကျိုးဆက်ကြောင့် BPA ပါဝင်မှုမြင့်တက်သလို (Blood pressure) သွေးကိုလည်းတိုးစေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ google ကျန်းမာရေးသတင်းတစ်ပုဒ် မှာ ဖတ်ရှုလိုက်ရတာကို မျှဝေပေးလိုက်ရပါတယ်။
ရှင်ပါဂူ