စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သုူများနဲ့ မြေဩဇာလုပ်ငန်းလုပ်ကိုင်သူများသိရှိရန် မြေဩဇာကော်မတီက မြေဩဇာမှတ်ပုံတင်လက်မှတ်မရှိသော မြေဩဇာစာရင်းထုတ်ပြန်

 

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများနဲ့   မြေဩဇာလုပ်ငန်းလုပ်ကိုင်သူများသိရှိရန်   မြေဩဇာမှတ်ပုံတင်လက်မှတ်မရှိသော မြေဩဇာစာရင်းအသိပေး ထုတ်ပြန် ကြေညာချက်ကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန မြေဩဇာကော်မတီက ထုတ်ပြန်ထားကြောင်း သိရပါ တယ်။ မြေဩဇာကော်မတီမှ  ထုတ်ပြန်သောမြေဩဇာ မှတ်ပုံတင်လက်မှတ်မရှိသောေ အာက်ဖော်ပြပါမြေဩဇာ ၅မျိုး ကို ဖော်ပြပေးလိုက်ပါတယ်-

          စဉ်      မြေဩဇာအမည်          ဖော်ပြထားသော          တွေ့ရှိရာဒေသ

                                                     စံချိန်စံညွှန်း

          ၁။       TRN စပါးနှံနှင့် ဟင်းသီးဟင်းရွက်ပုံ       -         မော်လမြိုင်မြို့နယ်၊

                   ပါရှိ၊ အဖြူရောင်အိတ်တွင်                              မွန်ပြည်နယ်

                   အစိမ်းစင်း ထိုင်းစာရေးထား      

          ၂။       TUANGJINDADANG                      -         သထုံမြို့နယ်၊

                   Compound Fertilizer                                မွန်ပြည်နယ်

          ၃။       Golden Cock (GTSP)   P2 O3: 16%,Ca:     ပြည်မြို့နယ်၊

                                                25%si, mg,mn,fe       ပဲခူးတိုင်းဒေသကြီး

        (25%si, mg,mn,fe ပါရှိသောမြေဩဇာများကိုမြေဩဇာကော်မတီက တင်သွင်းခွင့်ပိတ်ပင်ထားသည်။)

          ၄။       ဝိုးဝိန်းဂျစ်ပထန်မြေဩဇာ                    -        ရွှေတောင်မြို့နယ်

                   AGT, (Agro, TechCo.Ltd)                           ပဲခူးတိုင်းဒေသကြီး

          ၅။       ကမ္ဘာလုံးသီးနှံစုံ                               -        သဲကုန်းမြို့နယ်

                   (Organic Fertilizer)                                   ပဲခူးတိုင်းဒေသကြီး            

   မြေဩဇာကော်မတီသည် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသောမြေဩဇာများကို စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူများသုံးစွဲနိုင်ရန် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများစနစ်တကျပြုလုပ်ပြီး မြေဩဇာမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးလျက် ရှိပါတယ်။ ယခုအခါ ဈေးကွက်အတွင်း    မြေဩဇာမှတ်ပုံတင် လက်မှတ်မရှိသော မြေဩဇာရောင်းဝယ်ခြင်းများ၊ မြေဩဇာ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်မရှိဘဲ ဖြန့်ဖြူးရောင်းချနေသည်များကို စစ်ဆေး တွေ့ရှိနေရတဲ့အတွက် စိစစ်မှုပြုလုပ်ရာ မှာ ကြေညာချက်ပါ မြေဩဇာများမှာမြေဩဇာကော်မတီမှာမှတ်ပုံတင်ထား ခြင်းမရှိတဲ့အတွက် အရည်အသွေးနဲ့စံချိန်စံညွှန်းပြည့်မီမှု အာမခံချက်မရှိကြောင်း ဖော်ပြထားခြင်းဖြစ်ပါတယ်။ အဆိုပါ မြေဩဇာများကိုဝယ်ယူသုံးစွဲမိပါက သီးနှံ အထွက် နှုန်းကို ထိခိုက်စေခြင်း၊ စီးပွားရေးတွက်ခြေမကိုက်ခြင်း၊ ဆုံးရှုံးနစ်နာခြင်းတို့ဖြစ်ပွား စေနိုင်သဖြင့် မြေဩဇာကော်မတီတွင် မှတ်ပုံတင်ထားသော မြေဩဇာများကိုသာ ဝယ်ယူသုံးစွဲသင့်တယ်လို့ မြေဩဇာကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ မြေဩဇာ ထုတ်လုပ်တင်သွင်းတဲ့ ကုမ္ပဏီလုပ်ငန်းများ၊ မြေဩဇာရောင်းချတဲ့ အရောင်းဆိုင်များဟာ မြေဩဇာကော်မတီမှာ မှတ်ပုံတင်ထားခြင်း  မရှိသော မြေဩဇာများကို ထုတ်လုပ်ခြင်း၊ တင်သွင်း ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်နဲ့ လိုက်နာဆောင်ရွက်ခြင်း  မရှိပါက မြေဩဇာဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

                                                                                                                                                             ဂန္ဓမာ