ဇန်နဝါရီလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှု ယခင်လထက်နှစ်ဆကျော်မြင့်တက်

 

           ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ၂၀၁၅ ခုနှစ်အစ ဇန်နဝါရီလအတွင်းမှာ အာရှ၊ အာဖရိကနဲ့ ဥရောပသမဂ္ဂနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ အနီးစပ်ဆုံးဒီဇင်ဘာလထက် နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ သိရှိရပါတယ်။ ဇန်နဝါရီလအတွင်းမှာ ဧည့်မထ၊ ငစိန်၊ ဇီယာ၊ ပေါ်ဆန်း၊ ရတနာတိုးနဲ့ ပေါင်းဆန်အပါအဝင် ဆန်တန်ချိန် ၉၉၈၇၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃၄ ဒသမ ၃၉၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံး ဒီဇင်ဘာလ အတွင်းက ၄၅၉၅၇ တန်သာ တင်ပို့ခဲ့တဲ့အတွက် ဇန်နဝါရီလရဲ့ ဆန်တင်ပို့မှုမှာ တန်ချိန်နှစ်ဆကျော် မြင့်တက် လာခဲ့ပါတယ်။

           တင်ပို့ခဲ့တဲ့အမျိုးအစားများနဲ့ ပမာဏများကို နိုင်ငံအလိုက် ဖော်ပြပေးလိုက်ပါတယ်-

           ကန်ဒေါ်လာ ၂၈ ဒသမ ၁၂၉ သန်းဖိုးရှိ ဧည့်မထ ၂၅ မှတ် ဆန် ၈၄၇၂၁ တန်ကို အာရှနိုင်ငံများဖြစ်တဲ့ သီရိလင်္ကာ၊ စင်ကာပူ၊ ဥရောပသမဂ္ဂနိုင်ငံများဖြစ်တဲ့ ဘူဂေးရီးယား၊ ပိုလန်နဲ့ အာဖရိကနိုင်ငံများဖြစ်တ JhGuinea၊  Sierra  Leone၊  Ivory coast  နိုင်ငံများကို တင်ပို့ခဲ့ပါတယ်။

            ကန်ဒေါ်လာ ၂ ဒသမ ဝ၀၅ သန်းဖိုးရှိ ဧည့်မထ ၁၅ မှတ်ဆန် ၄၉၁၇ တန်ကို စင်ကာပူ၊ စပိန်၊ ရုရှားနဲ့ ပိုလန်နိုင်ငံများသို့ လည်းကောင်း၊ ကန်ဒေါ်လာ သုည ဒသမ ၈၉၉ သန်းဖိုးရှိ ဧည့်မထ ၅ မှတ်ဆန် ၂၂၄၅ တန် ကို ပိုလန်၊ စင်ကာပူနဲ့ ဂျာမဏီနိုင်ငံများသို့လည်းကောင်း၊ ကန်ဒေါ်လာ ၁ ဒသမ ၆၆၅ သန်းဖိုးရှိ ငစိန် ၅ မှတ်ဆန် ၄၀၇၄ တန်ကို စင်ကာပူ၊ စပိန်၊ ဘူဂေးရီးယားနှင့် ဂရိနိုင်ငံများသို့လည်းကောင်း၊ ကန်ဒေါ်လာ သုည ဒသမ ၁၁၇ သန်းဖိုးရှိ ဇီယာ ၁၀ မှတ်ဆန် တန် ၃၀ဝ ကို ရုရှားသို့လည်းကောင်း၊ ကန်ဒေါ်လာ သုည ဒသမ ၁၆၆ သန်းဖိုးရှိ ပေါ်ဆန်း ၂၁၄ U.S.A နဲ့ စင်ကာပူသို့လည်းကောင်း၊  ကန်ဒေါ်လာ သုည ဒသမ ၄၇၈ သန်းဖိုးရှိ ရတနာတိုး ၅ မှတ်ဆန် ၁၁၅၂ တန်ကို ပိုလန်သို့လည်းကောင်း၊ ကန်ဒေါ်လာ သုည ဒသမ ၉၃၄ သန်းဖိုးရှိ ပေါင်းဆန် ၅ မှတ် ၂၂၅၀   တန်ကို ရုရှား၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဟန်ဂေရီ၊ Latvia၊  လစ်သူရေးနီးယား၊ စပိန်နဲ့ပေါ်တူဂီနိုင်ငံများသို့လည်းကောင်း အသီးသီးတင်ပို့ကြတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။         

                                                                                                                       ယဉ်ယဉ်အေး MIRT (DCCA)