အလုပ်လက်မဲ့နှုန်းကျဆင်းလာသည့် အီးယူ

   အီးယူ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၀.ဝ% ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ၉.၉% သို့ကျဆင်းခဲ့ကြောင်း၊ အလားတူ ယူရိုဇုန်၏ အလုပ် လက်မဲ့နှုန်းသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၁.၅% ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ တွင် ၁၁.၄% သို့ကျဆင်းခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးအီးယူအဖွဲ့ဝင်နိုင်ငံများမှာ ဂျာမနီနိုင်ငံ (၄.၈%) နှင့် သြစတြီးယားနိုင်ငံ (၄.၉%) တို့ဖြစ်ကြပြီး အလုပ်လက်မဲ့နှုန်းအမြင့်ဆုံးနိုင်ငံများမှာ ဂရိနိုင်ငံ (၂၅.၈%) နှင့် စပိန်နိုင်ငံ (၂၃.၇%) တို့ဖြစ်ကြောင်း အီးယူစာရင်းအင်းရုံးက ထုတ်ပြန်ကြေညာခဲ့သည့် ကိန်းဂဏန်း အချက်အလက်များအရသိရှိရပါသည်။