လယ်ယာထွက်ကုန်တင်ပို့မှု ပိုမိုဆောင်ရွက်နိုင်ခဲ့တဲ့ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၅ ခုနှစ်ဇန်နဝါရီလမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၁၂၈ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် ၈၈၂ တန်ကျော်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးဖြစ်တဲ့ ဒီဇင်ဘာလမှာတော့ ကန်ဒေါ်လာ သုည ဒသမ ဝ၅၅ သန်းတန်ဖိုးရှိတဲ့ လယ်ယာထွက်ကုန် ၅၂၁ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုလနဲ့ ယခင်လနှိုင်းယှဉ်ပါက ကန်ဒေါ်လာ သုည ဒသမ ဝ၇၃ သန်း တန်ချိန် ၃၆၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။၂၀၁၅ ခုနှစ် ဇန်နဝါရီလရဲ့ အများဆုံးတင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကတော့ မန်ကျည်းစေ့ ၇၇၈ တန်၊ ဇီးသီးခြောက် ၅၆ တန်၊ မန်ကျည်းဖတ် ၂ တန်ကျော်နဲ့နနွင်းတက် ၄၆ တန်တို့ဖြစ်ကြပါတယ်။ဇန်နဝါရီလမှာ အခြားတင်ပို့ခဲ့တဲ့ ရေထွက်ကုန်ပစ္စည်းများ ကတော့ ရေချိုငါး(ငါးမြစ်ချင်း၊ငါးခေါင်းပွ) ၂၂၄ တန်၊ ငါးသေတ္တာခြောက် ၂ တန်ကျော်၊ ငါးနီတူခြောက် ၁၀ တန်နဲ့ စက်မှုကုန်ချောဖြစ်တဲ့ ဆီးယိုထုပ် ၁၅၉ တန် တို့ကိုလည်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။
တင်တင်ထွန်း MIRT (DCCA)