အမည်မသိရသေးသော ရောဂါတစ်မျိုး ခွေးများကို ကူးစက်ပြန့်ပွားနေ
အိန္ဒိယနိုင်ငံ၊ အင်ဖာအရှေ့ခရိုင်တွင် အမည်မသိရသေးသော ရောဂါတစ်မျိုးမှာ ခွေးများကို ကူးစက် ပြန့်ပွားနေပြီး အဆိုပါရောဂါကြောင့် ခွေးများသေဆုံးနေကြောင်း၊ ရောဂါခံစားနေရသော ခွေးများမှာ ကိုယ်ခံ အားနည်းလာခြင်း၊ အစာရေစာစားသောက်မှု နည်းပါးခြင်းတို့ ဖြစ်ပေါ်နေကြောင်း ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ အဆိုပါရောဂါကို တိကျစွာ အဖြေထုတ်နိုင်ရန် ပြည်နယ်အစိုးရက ကြိုးစားဆောင်ရွက်နေကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
စိုးနိုင် (တမူး)