ရော်ဘာသွင်းကုန်ခွန် တိုးမြှင့်စည်းကြပ်ရန် အဆိုပြုခြင်းအပေါ် ရော်ဘာလုပ်ငန်းရှင်များကကန့်ကွက်

 

          အိန္ဒိယနိုင်ငံမှာ ပြည်ပမှ ရော်ဘာစိမ်း (Natural Rubber NR)တင်သွင်းမှုအပေါ် သွင်းကုန်တိုးမြှင့် ကောက်ခံပေးရန် တောင်းဆိုမှုများ ရှိနေပါတယ်။ရော်ဘာစိမ်းသုံးစွဲ သူများကလည်း ပြည်တွင်းရော်ဘာ ထုတ်လုပ် မှုများ ကျဆင်းနေပြီး ရော်ဘာဘုတ်အဖွဲ့ရဲ့ ခန့်မှန်းချက်က လည်းတစ်နှစ်ပြီး တစ်နှစ်လွဲချော်မှုများ ရှိနေကြောင်း၊ ပြည်ပမှ ရော်ဘာ တင်သွင်းခြင်းကြောင့် ပြည်တွင်းကရော်ဘာ ထုတ်လုပ်မှုများ အကျိုးထိခိုက်စေတာ လည်းမဟုတ် မှန်ကြောင်း ရော်ဘာလုပ်ငန်း ရှင်များက ပြောဆိုနေကြပါတယ်။  ရော်ဘာဘုတ် အဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက် အလက်များအရ ရော်ဘာစိမ်း သုံးစွဲသော လုပ်ငန်းရှင်များက ၎င်းတို့ပြည်ပမှ ရော်ဘာတင်သွင်းမှုဟာ ပြည်တွင်း လိုအပ်ချက်ရဲ့တစ်စိတ် တစ်ပိုင်း သာဖြစ်ကြောင်း၊ ပြည်တွင်းထွက်ရှိမှု ကျဆင်းနေခြင်းကြောင့်တင် သွင်းနေ ရခြင်းဖြစ်ကြောင်း ပြောဆိုနေ ကြပါတယ်။ ပြည်ထောင်စု အစိုးရကလည်း ရော်ဘာဈေးများ ကျဆင်းနေတဲ့အတွက် ပြည်ပမှ ရော်ဘာ တင်သွင်းမှုအပေါ် သွင်းကုန်ခွန်အား လက်ရှိကောက်ခံနေသော၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံရန် စီစဉ်နေခြင်းဖြစ် ပါတယ်။  ပြည်တွင်းထွက်ရှိမှု ကျဆင်းခြင်းအတွက် ပြည်ပမှရော်ဘာ စိမ်းတင် သွင်းမှုမြင့်တက် လာရခြင်းကို ဆိုးရွားတဲ့ဖြစ်စဉ် တစ်ခုသဖွယ် မှတ်ယူနေကြပါတယ်။ ၂၀၁၄ခုနှစ် ဧပြီလမှ၂၀၁၅ ခုနှစ် ဇန်နဝါရီလထိ (၁၀)လတာ ကာလ အတွင်းမှာ ရော်ဘာ တင်သွင်းမှုဟာ ၃၅၉၈၅၇ တန်ရှိပြီး ယမန်နှစ်ကာလတူက ၃၁၅၀၄၉ တန်သာတင်သွင်းခဲ့တဲ့အတွက် ၁၄ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပါတယ်။ ဘဏ္ဍာနှစ်ကုန်ချိန်ထိ တင်သွင်းမှုပမာဏဟာ တန်ချိန် ၄သိန်းကျော်သွားနိုင်တယ်လို့ခန့်မှန်းထားပြီး အများဆုံး တင်သွင်းတဲ့ ပမာဏ တစ်ခု ဖြစ် သွားနိုင် တယ်လို့ ဆိုပါတယ်။ လက်ရှိ ထုတ်လုပ်ရေး လုပ်ငန်းများရဲ့သုံးစွဲမှုပမာဏအရ အိန္ဒိယနိုင်ငံ အနေနဲ့ယခုနှစ်မှာ ရော်ဘာစိမ်းတန်ချိန် ၁သန်းခန့်ထိ သုံးစွဲမှု ရှိနိုင်ကြောင်းနဲ့ ပြည်ပမှ တင်သွင်းမှုပမာဏဟာ ၄၀ ရာခိုင်နှုန်းခန့်ထိ ရှိနိုင်တယ်လို့သိရပါတယ်။ Kerala ရှိနိုင်ငံရေး ပါတီတွေကတော့ ပြည်ပမှရော်ဘာ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် စည်းကြပ်မှုအား တိုးမြှင့်တောင်းခံရန် ဖိအားပေးနေကြပါတယ်။ ယာဉ်တာယာ ထုတ်လုပ်သူများ အသင်း ( Automotive Tyre Manufactures Association ATMA) ကပထမ ၁၀လတာ ကာလ မှာ ပြည်တွင်းထွက်ရှိမှုနဲ့ သုံးစွဲမှုကြား တန်ချိန် ၂၇၆၀၆၅ ကွာဟမှု ရှိနေတယ်လို့ပြောကြားပါတယ်။ပြည်ပမှ ရော်ဘာ တင်သွင်းမှု များနေခြင်းက ပြည်တွင်းရော်ဘာ ထုတ်လုပ် သူများအား စိတ်ပျက်ပြားစေလျက် ရှိပါတယ်။ရော်ဘာ ကုန်ပစ္စည်း  ထုတ် လုပ်သူများရဲ့ သုံးစွဲမှု ပမာဏ ဟာ ၃ ဒသမ ၈ရာခိုင်နှုန်း တက်လာ ခဲ့ကြောင်း အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည်( Made in India Campaign ) ဆိုတဲ့ လှုပ်ရှားမှုကြောင့်လည်း ဈေးသက်သာတဲ့ ရော်ဘာသုံးစွဲမှုကို ခွင့်ပြုထားတဲ့အတွက်ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံလုံး ဆိုင်ရာရော်ဘာ လုပ်ငန်းများအသင်း (All India Rubber Industries Association -AIRIA) မှဥက္ကဌ Mohinder Gupta ကပြောကြားပါတယ်။ Gupta ကရေးဆွဲနေဆဲဖြစ်တဲ့ အမျိုးသားရော်ဘာ မူဝါဒ အသစ်ပေါ်ထွက် လာမှုကို စောင့်ဆိုင်း ရန်လို အပ်ကြောင်း နဲ့ ရော်ဘာ ကဏ္ဍ အားလုံး အတွက် အကျိုး သက်ရောက်မှု ရှိစေနိုင် တယ်လို့ မျှော်လင့် ရကြောင်း ဖြည့်စွက်ပြောကြား လိုက်ပါတယ်။

 

                                                                                CMK