တရုတ်နိုင်ငံသို့ သရက်၊ သခွား၊ ဖရဲ၊ ဖရုံ သီးနှံအစုံတင်ပို့

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖရဲသီး၊ သရက်သီး၊ သခွားမွှေး၊ စပျစ်သီး၊ အုန်း သီး၊ ရွှေဖရုံသီးတို့ကိုလည်းကောင်း၊ ချင်းရွှေဟော်စခန်း မှ ရွှေဖရုံသီးကိုလည်းကောင်း၊ လွယ်ဂျယ်နဲ့ကန်ပိုက်တီး စခန်းမှ ဖရဲသီးကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်စခန်းမှ နာနတ်သီးနှင့် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ရိဒ်စခန်းမှ ဖရဲသီးတို့ ကို ဧပြီလအတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၄၄၂ သန်းဖိုး   သစ်သီး တန်ချိန် စုစုပေါင်း ၁၀၁၅၈၀ တန်ခန့်ကို စခန်း အသီးသီးအလိုက် တင်ပို့နိုင် ခဲ့ပါတယ်။

   ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ ဖြစ်တာမို့ အရည်ရွှမ်းတဲ့ သစ်သီးဝလံ တွေကို လူကြိုက်များလာတာကြောင့် ယခုလို မြန်မာနိုင်ငံကထွက်ရှိတဲ့ သီးနှံအစုံကို တရုတ်ပြည်မကြီး သို့ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

   မူဆယ်သို့ နေ့စဉ် ဖရဲကားအစီး ၁၅၀ ဝန်းကျင်၊ သရက်သီးကား အစီး ရေ ၅၀-၇၀ ခန့်၊ သခွားမွှေးကား ၅ စီးမှ အစီး ၂၀ အတွင်းပုံမှန်အတက်ရှိတယ်လို့ မူဆယ် သစ်သီး ဝလံကုန်စည်ဒိုင်မှသတင်းရရှိပါတယ်။

မော်မော်အောင် (MIRT)