နိုင်ငံစုံကုမ္ပဏီများနှင့် နယ်သာလန်နိုင်ငံတို့ချုပ်ဆိုထားသော အခွန်ဆိုင်ရာသဘောတူစာချုပ်များအား ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့သွားရောက်စစ်ဆေးမည်

   Starbucks ကဲ့သို့သော နိုင်ငံစုံ ကုမ္ပဏီများနှင့် နယ်သာလန်နိုင်ငံတို့ချုပ်ဆိုထားသည့် အခွန်ဆိုင်ရာသဘောတူစာချုပ်များအား စစ်ဆေးရန် ဥရောပပါလီမန်မှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် နယ်သာလန်နိုင်ငံသို့ ၂၀၁၅ ခုနှစ် မေလတွင်သွားရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။

   အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လ်ဂျီယံ နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ လူဇင်ဘတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သို့လည်း အလားတူသွားရောက်ရန်စီစဉ်ထားပါသည်။ ဥရောပ ပါလီမန်အဖွဲ့ဝင်များသည် အခွန်အာဏာပိုင်အဖွဲ့အစည်းများနှင့် အဓိကကျသောအပြည်ပြည်ဆိုင်ရာကုမ္ပဏီများအကြား ပြုလုပ်ထားသည် အခွန်ဆိုင်ရာ သဘောတူစာချုပ် များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအားပိုမိုရယူလိုလျက်ရှိပါသည်။

   ယခုအခါတွင် Starbucks သို့ပေးအပ်ထားသည့် အခွန်သက်သာခွင့်များနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံသည် စုံစမ်းစစ်ဆေးခံနေရဆဲဖြစ်ပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး ဘရပ်ဆဲလ်မြို့