ဆင်းရဲမှုလျှော့ချရေးအတွက်ကုန်သွယ်မှု အတားအဆီးများ လျှော့ချရေးက အရေးပါ

    ကုန်သွယ်မှုကုန်ကျစရိတ်တွေ  လျှော့ချပြီး ကုန်သွယ်မှု အတားအဆီးတွေ နည်းနိုင်သမျှနည်း အောင်ဆောင်ရွက်ခြင်းဖြင့်   ဖွံ့ဖြိုးဆဲနိုင်ငံများကို ကမ္ဘာ့ကုန်သွယ်မှုစနစ်အတွင်းသို့    ထဲထဲဝင်ဝင် ပါဝင်လာနိုင်ရေးအတွက် ပိုမိုကြိုးပမ်း ဆောင်ရွက် ခြင်းသည် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ရေး အတွက်  အရေးပါတဲ့ဆောင်ရွက်ချက်တစ်ခုဖြစ် ကြောင်း ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ (ဒဗလျူတီအို) တို့ရဲ့ ပူးတွဲအစီရင်ခံစာကို ကိုးကား ပြီး  dawn  ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြ ပါတယ်။''ဆင်းရဲမှု အဆုံးသတ်ရေးအတွက် ကုန် သွယ်မှုအခန်းကဏ္ဍ''ဆိုတဲ့ အစီရင်ခံစာမှာ ဖွံ့ဖြိုး ဆဲနိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေး အတွက်   ကုန်သွယ်မှု သည် အဓိကခွန်အား တစ်ခု ဖြစ် တယ်လို့ ဖော်ပြ ထားပါတယ်။ ဒါပေမယ့် ကုန်သွယ်မှု အတား အဆီးတွေလျှော့ချတဲ့ အခါဆင်းရဲသူတွေက အကျိုးအမြတ်ကို  အမြင့်ဆုံးခံစားနိုင်ဖို့   လိုအပ်ပြီး ရရှိလာတဲ့အကျိုးစီးပွားတွေက ကမ္ဘာ့အဆင်းရဲ ဆုံး ပြည်သူတွေ ထိ ရောက်ရှိနိုင်ကြောင်း အာမခံနိုင် အောင်ဆောင်ရွက်ဖို့လိုပါတယ်။၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကစပြီး လူတစ် သန်းခန့်ကို ဆင်းရဲတွင်းမှ  ကယ်ထုတ်ခဲ့ပြီး ဖြစ်ပါ တယ်။တစ်ရက် ဝင်ငွေ   ၁ ဒသမ ၂၅  ဒေါ်လာ အောက်ရော က်နေတဲ့    ပြည်သူတစ်ဘီလီယံကို ဆင်းရဲတွင်းကလွတ်အောင်   ကူညီရာမှာ ဆင်းရဲ သားတွေအကျိုးခံစားခွင့်မရအောင် တားဆီးနေ တဲ့အရာတွေကို ဖယ်ရှားဖို့လိုပါတယ်။ကုန်သွယ်မှု ကုန်ကျစရိတ်တွေ လျှော့ချပေး ရာမှာ ကမ္ဘာ့စီးပွားရေးစနစ်အတွင်းမှာ  ရှိနေတဲ့ ဝင်ငွေနိမ့်ကျတဲ့  နိုင်ငံတွေကို ပေါင်းစည်းနိုင် အောင် ဆောင်ရွက်ရာမှာ  မဆုတ်မနစ်ကြိုးစား ဖို့လိုပါတယ်။