Manufacturing and Oil &Gas Myanmar Exhibition ပြပွဲကျင်းပမည်

ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိMyanmar Event Park (MEP) ခန်းမတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် Manufacturing and Oil & Gas Myanmar Exhibition 2015  ပြပွဲကို ထိုင်းနိုင်ငံအခြေစိုက်Singapore Exhibition Services (SES)  မှ ဦးစီး၍ ပြည်တွင်းကုမ္ပဏီများဖြစ်သော Infor-mation Matrix Co. Ltd., Lucky  Stone Trading Services Co., Ltd.တို့မှတာဝန်ယူကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ Manufacturing and Oil & Gas Myanmar Exhibition 2015  ပြပွဲသို့ နိုင် ငံပေါင်း ၂၀ နိုင်ငံရှိ   ကုမ္ပဏီပေါင်း ၁၀၀ ခန့်မှ ကုန်ထုတ်လုပ် မှုဆိုင်ရာ ပစ္စည်းများ၊ ကြိတ်ခွဲစက်များ၊ အမှုန့်ကြိတ်စက်များ၊ ဝါယာကြိုး ဖြတ် စက်များ၊ ပုံသွင်းခြင်း၊ တံဆိပ်နှိပ်ခြင်းဆိုင်ရာ ကိရိယာ များ၊ ဂဟေဆော်ခြင်းနှင့် တွယ်ဆက်ပေးသော    ကိရိယာများ၊ စက်မှုလုပ်ငန်းသုံးလေဆာ စနစ်များ၊ တွင်ခုတ်စက်များ၊ နည်းပညာများ၊ ရေနံ နှင့် ဓာတ်ငွေ့တူးဖော်ရေး၊ ထုတ်လုပ် ရေးပစ္စည်းများ၊ မြေအောက်ဖောက်တွင်း တူးဖော်ခြင်းဆိုင်ရာ ပစ္စည်းများ၊ သန့် စင်ချက်လုပ်ရေးဆိုင်ရာ   နည်းပညာ များ၊ စက်ပိုင်းဆိုင်ရာ ကိရိယာများနှင့် ဆက်စပ် ပစ္စည်း များကို   လာရောက် ပြသရောင်းချမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
    ဥမ္မာကြူ (ကုန်စည်ပြပွဲ)