ပြည်ပ(သို့မဟုတ်) ပြည်တွင်း ကုန်စည်ပြပွဲများ ပါဝင်ပြသလိုသူများအနေဖြင့် ပြပွဲသတင်းကို မည်သို့သိရှိနိုင်ပါသလဲ။
UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များမှလည်းကောင်း၊ www.myantrade.gov.mm တွင် သိရှိနိုင်ပါသည်။
UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များမှလည်းကောင်း၊ www.myantrade.gov.mm တွင် သိရှိနိုင်ပါသည်။
လိုင်စင်ရယူရန် မလိုပါ။ အထွေထွေခွင့်ပြုမိန့်ဖြင့် တင်ပို့/တင်သွင်းခွင့်ပြုပါသည်။
ပါဝင်ပြသလိုသည့် (ကုမ္ပဏီ/အသင်းအဖွဲ့)များအနေမှ Letter Head ဖြင့် ညွှန်ကြားရေးမှူးချုပ် ထံလိပ်မူ၍ ပါဝင်ပြသမည့် ပစ္စည်းများ၏ Invoice / Parking List အပြည့်အစုံနှင့် ပြသ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်တို့နှင့်အတူ ပူးတွဲ၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ လျှောက်ထားတင်ပြရမည်ဖြစ်ပါသည်။
ကုမ္ပဏီ၊ အေဂျင်စီဖြင့်လည်းကောင်း၊ ကာယကံရှင်မှလည်းကောင်း ဆောင်ရွက်နိုင်ပါသည်။
ဝန်ဆောင်ခအဖြစ် ငါးသောင်းကျပ်အား ဌာနသို့ပေးဆောင်ရမည်ဖြစ်ပါသည်။
ပြပွဲကျင်းပရက်မတိုင်မီ တစ်လကြိုတင်လျှောက်ထားရမည်ဖြစ်ပါသည်။
ပြပွဲကျင်းပရက်ပြီးဆုံးပြီးနောက် တစ်လအတွင်း ပြန်လည်တင်သွင်း/တင်ပို့ရမည်ဖြစ်ပါသည်။
OGL ခွင့်ပြုမိန့်ဖြင့် ခွင့်ပြုသည့် ပြပွဲတွင်သာ ပြသရမည်ဖြစ်ပါသည်။ အခြားကုန်စည်ပြပွဲသို့ ပြောင်း ပြသခွင့်မရပါ။
OGL ခွင့်ပြုမိန့်သည် ကုန်စည်ပြပွဲအတွက်သာဖြစ်ပါသည်။ အခြားပစ္စည်းများ တင်သွင်း/တင်ပို့ ခြင်းအတွက် မဟုတ်ပါ။
ကုန်စည်ပြပွဲဖိတ်ကြားစာရရှိပါက သက်ဆိုင်ရာဌာန၊ အသင်း/အဖွဲ့အစည်း၊ ကုမ္ပဏီများမှ တစ်ဆင့်သော်လည်းကောင်း၊ www.mitc.myantrade.gov.mm တွင်ဝင်ရောက်၍ တိုက်ရိုက် သော်လည်းကောင်း စာရင်းပေးလျှောက်ထားနိုင်ပါသည်။