ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် မည်သို့ လျှောက်ထားရယူနိုင်ပါသလဲ။

လျှောက်ထားသူသည် https://onlineco.myanmartradenet.com သို့ ဝင် ရောက်၍ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အားလုံးကို လျှောက်ထားရယူနိုင် ပါသည်။

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်၏ သက်တမ်းမည်မျှရှိသနည်း။

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်၏ သက်တမ်းမှာ စတင်ထုတ်ယူသည့်ရက်မှ (၁) နှစ်ကာလ သက်တမ်းဖြစ်ပါသည်။

EU GSP System အောက်မှ အတည်ပြုပို့ကုန်တင်ပို့သူ (Registered Exporter) အဖြစ် မည်သို့ လျှောက်ထားရပါသလဲ။

EU GSP System အောက်မှ အတည်ပြုပို့ကုန်တင်ပို့သူ (Registered Exporter) အဖြစ် လျှောက်ထားလိုပါက https://cusoms.ec.europa.eu/rex-pa-ui/ သို့ ဝင်ရောက်၍ အချက်အလက်များဖြည့်သွင်းရမည်ဖြစ်ပြီး နံပါတ် (၅) နှင့် (၆) တို့တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလက်မှတ်ရေးထိုးပြီး ကုန်သွယ်ရေး ဦးစီးဌနသို့ လျှောက်ထားရမည်ဖြစ်ပါသည်။

စက်မှုထုတ်ကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ်ကို မည်သည့်အတွက် လိုအပ်ပါ သနည်း။

စက်မှုထုတ်ကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ်ကို စက်မှုထုတ်ကုန်များအတွက် CO Form D, Form RCEP and EU REX System များလျှောက်ထားရာတွင် တင်ပြရ ပါသည်။