စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားလိုလျှင် မည်ကဲ့သို့ လျှောက်ထားနိုင်မည်နည်း။

အောက်ပါ နည်းလမ်းများဖြင့် လျှောက်ထားနိုင်ပါသည်-
-    ဦးစီးဌာနက သတ်မှတ်ထားသည့် အီလက်ထရောနစ်စနစ်ဖြင့် လျှောက်ထားခြင်း၊
-    ဦးစီးဌာနသို့ လာရောက်လျှောက်ထားခြင်း၊


နေပြည်တော်     ရုံးအမှတ်(၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန။

ရန်ကုန်     အမှတ်(၂၂၈/၂၄၀)၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်။

မန္တလေး    ၃၅ လမ်း၊ ၆၃x၆၄ လမ်းကြား၊ ပို့ကုန်သွင်းကုန်ရုံး၊ ချမ်းအေးသာဇံမြို့နယ်။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားရာတွင် ဖန်တီးသူ တစ်ဦးထက်ပိုသည့် ကိစ္စရပ်များ တွင် ID-1a ကို နှစ်စောင် တင်ရမည်လား သိလိုပါသည်။

စက်မှုဒီဇိုင်းကို ဖန်တီးသူ တစ်ဦးထက်ပိုသည့်ကိစ္စရပ်များတွင် လျှောက်လွှာပုံစံ ID-1a တစ်စောင်တည်းတွင် ဖန်တီးသူများ၏ အချက်အလက်များကို ဖြည့်စွက်၍ တင်ပြရ မည်ဖြစ်ပြီး နေရာမလုံလောက်ပါက နောက်ဆက်တွဲ အပိုစာရွက် အသုံးပြု၍ တင်ပြနိုင် ပါသည်။

ကိုယ်စားလှယ် တစ်ဦးထက်ပိုသည့်ကိစ္စရပ်များတွင် လျှောက်လွှာပုံစံ ID-2 ကို နှစ်စောင် တင်ရမည်လား သိရှိလိုပါသည်။

ကိုယ်စားလှယ် တစ်ဦးထက်ပိုသည့်ကိစ္စရပ်များတွင် ID-2 လျှောက်လွှာပုံစံ တစ်စောင် တည်းဖြင့်သာ တင်ပြရမည်ဖြစ်ပြီး ပူးတွဲခန့်အပ်သည့် ကိုယ်စားလှယ်များ၏ အချက် အလက်များကို အပိုစာရွက်အသုံးပြု၍ ဖြည့်စွက် တင်ပြရမည်ဖြစ်သည်။ 

စက်မှုဒီဇိုင်း လျှောက်ထားချက်တွင် အမျိုးအစား (Class) မှားယွင်းဖော်ပြခဲ့ပါက မူပိုင်ခွင့် ဦးစီးဌာနအနေဖြင့် မည်ကဲ့သို့ ကုစားဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။ မှားယွင်းခြင်း အတွက် ဒဏ်ကြေးကဲ့သို့သော အခကြေးငွေ ပေးဆောင်ရမည်လား ဆိုသည်ကို သိရှိလိုပါ သည်။

စက်မှုဒီဇိုင်း လျှောက်ထားချက်များကို မူပိုင်ခွင့်ဦးစီးဌာနက စိစစ်ပြီး အမျိုးအစား (Class) မှားယွင်းခြင်းအတွက် ရက်ပေါင်း (၃၀) အတွင်း ပြင်ဆင်လျှောက်ထားရန် လျှောက်ထားသူ သို့မဟုတ် ကိုယ်စားလှယ်ထံသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ပါသည်။ လျှောက်ထားချက်တွင် ဖော်ပြသည့် အမျိုးအစား (Class) မှားယွင်းခြင်းအတွက် အခကြေး ငွေ ပေးရန် မလိုပါ။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းအတွက် စက်မှုဒီဇိုင်းဖော်ပြချက်ကို တင်ပြရာတွင် အကာအကွယ် ရယူလိုသည့် အပိုင်းနှင့် အကာအကွယ် မရယူလိုသည့် အပိုင်းတို့ကို မည်ကဲ့ သို့ တင်ပြရမည်နည်း။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းအတွက် စက်မှုဒီဇိုင်းဖော်ပြချက်ကို တင်ပြရာတွင် အကာအကွယ် ရယူလိုသည့် အပိုင်းကို Solid Line ဖြင့် တင်ပြရပါမည်။ အကာအကွယ် မရယူလိုသည့် အပိုင်းအား မျဉ်းတို မျဉ်းပြတ်များဖြင့် လည်းကောင်း၊ အစက်ချ မျဉ်းများဖြင့် လည်းကောင်း တင်ပြရပါမည်။

စက်မှုဒီဇိုင်းဖော်ပြချက်ကို မည်သို့ တင်ပြရမည်နည်း။

စက်မှုဒီဇိုင်းဖော်ပြချက်ကို ရေးဆွဲချက်ဖြင့် ဖြစ်စေ၊ ဓာတ်ပုံဖြင့် ဖြစ်စေ၊ ဂရပ်ဖစ်ဖြင့် ဖြစ်စေ ဖော်ပြ၍ တင်ပြနိုင်ပါသည်။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းအတွက် စက်မှုဒီဇိုင်းဖော်ပြချက်ကို မည်မျှ တင်ပြ ရမည်နည်း။

လျှောက်ထားသည့် စက်မှုဒီဇိုင်းသည် နှစ်ဖက်မြင်ထုတ်ကုန်များ ဖြစ်ပါက အနည်းဆုံး မြင်ကွင်း တစ်ပုံကို တင်ပြနိုင်ပါသည်။ သုံးဘက်မြင် ထုတ်ကုန်များကို ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ အပေါ်၊ အောက် နှင့် ခြုံငုံမြင်နိုင်သောမြင်ကွင်း တို့ကို တင်ပြရပါမည်။