admin_ygn

   ကချင်ပြည်နယ်အတွင်းသို့ ကချင်ရိုးရာဝတ်စုံများ တရုတ်နိုင်ငံမှ တစ်ဆင့်ဝင်ရောက်နေလျက်ရှိနေပါတယ်။ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ တရားဝင်တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားခြင်းမရှိသလိုတင်သွင်းခွင့်လည်းပြုမထားပါဘူး၊ ကချင်ရိုးရာဝတ်စုံများ ပြည်ပမှဝင်နေခြင်းအားဖြင့် မိမိနိုင်ငံတိုင်းရင်းသားများရဲ့ ရိုးရာ ဝတ်စုံထုတ်လုပ်မှုလုပ်ငန်းများ တိမ်ကောပျောက်ကွယ်သွားနိုင်တဲ့အတွက် မိမိအကျိုးစီးပွားတစ်ခုတည်းရှေ့တန်းတင်ပြီး တစ်ဖက်နိုင်ငံလုပ် ကချင်ရိုးရာအဝတ်အထည်တုများ တင်သွင်း မှုမပြုကြရန် ဇန်နဝါရီလ ၂၇ ရက်နေ့က ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်

admin_ygn

   ပြည်ပမှ တစ်ပတ်ရစ်များတင်သွင်းခွင့်ပြုခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ တစ်နှစ်ချင်းခွင့်ပြုပေးလျက်ရှိရာ ဒုတိယအကြိမ်စမ်းသပ်ကာလသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။

  တတိယအကြိမ်စမ်းသပ်ကာလအဖြစ်တင်သွင်းခွင့်ပြုနိုင်ရန် အကောက်ခွန်ဦးစီးဌာနမှ သဘောထားမှတ်ချက်ရယူပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ သဘောတူညီချက်ဖြင့် ပြည်ပမှ တစ်ပတ်ရစ်များ တင်သွင်းခွင့်ကို တတိယအကြိမ်စမ်းသပ်ကာလ အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ထိ သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

MIRT (DCCA)

 

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁၇ ရက်မှ  ၂၃ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ခရုကမာခွံ ၁၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ခရုကမာခွံအပြင် ငါးမျိုးစုံ ၉၂၂ တန်ကျော်၊  ကင်းမွန် ၄၈ တန်ကျော်၊ ပုစွန် ၄ တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၃ တန်ကျော်၊ ရေဘဝဲ ၁ တန်နီးပါးနဲ့ သီဟိုစေ့ ၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်က ဇန်နဝါရီလ ၁ ရက်မှ  ၂၃ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၃၂ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် များဖြစ်တဲ့ ကြက်သွန်နီ  ၃၇၂ တန်ကျော်၊ မြေပဲဆံ ၅၃၅ တန်ကျော်၊ နနွင်းတက် ၆ တန်ကျော်၊ ပဲလွန်းဖြူ  ၁၉ တန်ကျော်နှင့် ငရုတ် သီးခြောက် ၁၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ လယ်ယာထွက်ကုန်တင်ပို့မှုဟာ တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)

 

admin_ygn

   နယ်စပ်ကုန်သွယ်ရေးမှ ဆန်ကိုအဓိကထားတင်ပို့လျက်ရှိတဲ့ စခန်းများကတော့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်း များဖြစ်ပါတယ်။ ယခင်သီတင်းပတ်က မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ဖြစ်တဲ့ မောင်တောစခန်းမှတင်ပို့မှုရှိသလို ယခုသီတင်းပတ်မှာလည်းတင်ပို့နိုင်ခဲ့ပါတယ်။

   ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိ  ကာလအတွင်းမှာ နယ်စပ်စခန်းစုံမှ ကန်ဒေါ်လာ ၁၁ ဒသမ ၁၁၇ သန်းဖိုးရှိ ဆန်တန် ချိန် ၃၀၁၂၉ တန်ကိုတင်ပို့ခဲ့ပြီး ယခင်သီတင်းပတ် ထက် ၆၁၂၈ တန် လျော့နည်းခဲ့ပါတယ်။

admin_ygn

   မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့ Mobile Team အဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ m Asia World Toll Gate အနီးရှောင်ကွင်းလမ်းတွင် အေးခဲဘဲသား (၃၉)ဖာနဲ့ အေးခဲကြက်သား ၁၂ ဖာတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ အဆိုပါ အေးခဲဘဲသား၊ ကြက်သား များဟာ အလေးချိန်အားဖြင့် ကီလို ၇၁၀ ရှိပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၂၁ ဒသမ ၃၀၀  ရှိတယ်လို့ သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိပစ္စည်းများအား လုပ်ထုံးလုပ်နည်းနဲ့ အညီ မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံ၍ အမှုတွဲများဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ အေးခဲဘဲသား၊ ကြက်သားများမှာ FDA&n

admin_ygn

   တာချီလိတ်-ကျိုင်းတုံလမ်းမကြီးတောင်သုံးလုံးကျေးရွာအနီးမှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းထုတ်နုတ်အင်အား Mobile Team မှ ဦးစီးအရာရှိ ဦးစီးသောအဖွဲ့ဟာ  ကင်းပုံးဝပ်စောင့်ဆိုင်းနေစဉ် သုံးဘီး ယာဉ် ၃ဟ/xxxx နဲ့ ၄ဟ/xxxx တို့အားတားဆီးစစ်ဆေးရာမှာ ပိတ်လိပ် အဝတ်အထည်၊ နေရောင်ကာလိုက်ကာစနဲ့  Wall Covering တို့ အား သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၃၈ သိန်းကျော်တန်ဖိုးရှိပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မြို့နယ်အကောက်ခွန် ရုံးသို့ အပ်နှံထားပြီးဖြစ်တယ်လို့သိရပါတယ်။

DCCA

admin_ygn

   မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ မှာပြုလုပ်ခဲ့ရာ OSS ဌာနများ၊ ကုန်စည်ဒိုင်များ၊ FDA၊ MITS၊ မော်တော်ယာဉ်အသင်းများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဇန်နဝါရီ လ  ၁၀ ရက်မှ ၁၆ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ ၃၈၈ သန်း တန် ဖိုးရှိ ရေထွက်ကုန်  ၃၄၈၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၁၇၉ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချဉ်ဒယ်ခရိုင်၊ မိုးရေးမြို့ရှိ ဒေသခံလူမှုအဖွဲ့အစည်းများသည် ၂၀၁၅ခုနှစ် ဇန်န ဝါရီလ ၁၀ ရက်နေ့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံပွဲ တွင် လူမျိုးစုများကြား ပဋိပက္ခဖြစ်ပွားမှုမရှိစေရန်နဲ့  ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ကြရန်၊ တည်ငြိမ်အေးချမ်းမှုမရှိပါက အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် အိန္ဒိယ အရှေ့တောင် အာရှနိုင်ငံတို့ရဲ့ ကုန်သွယ်မှုမှုများကို ထိခိုက်စေနိုင်ကြောင်း၊ လူမျိုးစုများအနေဖြင့် ငြိမ်းချမ်းစွာအတူတကွလက်တွဲပြီး မိုးရေးမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့သတင