ထိုင်းနိုင်ငံက စားအုန်းဆီတန်ချိန် ၅၀,၀၀၀ တင်သွင်းရန် အဆိုပြုချက်ကို အစိုးရအဖွဲ့၏ ဇန်နဝါရီ ၂၀ ရက်နေ့ကကျင်းပခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့ကြောင်းသိရှိရပါ သည်။ ပြည် တွင်းဆီအုန်း စိုက်ပျိုးသူများအတွက် ဈေးနှုန်းထိုးကျခြင်းမှ ကာကွယ်ရန် ဆီအုန်းသီးအစို အနည်းဆုံးဈေးနှုန်းကိုလည်းသတ်မှတ်ပေးမည်ဖြစ်
၂၀၁၄ ခုနှစ်အတွင်း၌ အမေရိ ကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်ရပ်ကွက်ရှိ အိမ်ခန်းဈေးနှုန်းများသည် ပျမ်းမျှအားဖြင့် ဒေါ်လာ ၁ ဒသမ ၇၂ သန်းသို့ မြင့်တက်ခဲ့ပါ သည်။ ယခုအခါ ဝယ်လိုအား မြင့်မားနေသော်လည်း ရောင်းလိုအားမှာမူ လျော့နည်းလျက်ရှိကြောင်း၊ Douglas Elliman and Miller Samuel Real Est
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေသည် ဒေါ်လာ ၃၉ ဘီလီယံဖြစ်၍ အောက်တိုဘာလထက် ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ကျဆင်းကြောင်း၊ နိုဝင်ဘာလအတွင်း ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၁၉၆ ဒသမ ၄ ဘီလီယံဖြစ်၍ အောက်တိုဘာလထက် ဒေါ်လာနှစ်သန်းလျော့နည်းကြောင်း၊ သွင်းကုန် တင်သွင်းမှုသည်လည်း ယခင်လထက်
ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SME Bank) သည် စီးပွားရေးပြန်လည်နာလန်ထူမှု အားနည်းနေသောကြောင့် အသေးစား စီးပွားရေးလုပ်ငန်းများ၏ ငွေဖြစ်လွယ် မှုကို အားဖြည့်ပေးရန် ယခုနှစ်တွင် ချေးငွေဘတ် ၄၀ ဘီလီယံ ထုတ်ချေးရန် ရည်မှန်းထားပါသည်။
အိန္ဒိယအစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဘတ်ဂျက်မှာ မျှော်လင့်ချက်များပေးပြီး ဆောင်ရွက်သွားမယ့်ဆန္ဒ မရှိကြောင်း ဇန်နဝါရီ ၂၂ ရက်က အိန္ဒိယဘဏ္ဍာရေးဝန်ကြီး အရန်ဂျိတ်တလေရဲ့ပြောကြားချက်ကိုကိုးကားပြီး ndtv ဝက
လောင်စာဆီဈေးနှုန်းတွေကျဆင်းပြီးနောက်စားသုံးသူတွေဆက်ဆံရာမှာ တရားမျှတမှုရှိစေဖို့အတွက် ဆောက်လုပ်ရေးနဲ့တခြားအခြေခံကုန်ပစ္စည်းတွေရဲ့လက်လီဈေးနှုန်းတွေ ကို ၂ ရာခိုင်နှုန်း ကနေ ၇ ဒသမ ၇ ရာခိုင်နှုန်းအထိအဆင့်ဆင့်လျှော့ချပေးခဲ့ကြောင်း ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဌာနရဲ့ပြောကြားချက်ကို နေ
လောင်စာဆီဈေးနှုန်းတွေကျဆင်းမှုရဲ့ အကျိုးဆက်ကြောင့် မီးရထားအပါအဝင်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစရိတ်တွေက ၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။ ဒီလို သယ်ယူပို့ဆောင်ရေးကျဆင်း တာကဖယ်ရီခတွေဖြစ်ပြီး ခရီးသည်တွေရဲ့ ကုန်ကျစရိတ် ၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျာကာတာပို့စ်သတင်းမှာ ဖော်ပြထားပါတ
တရုတ်နိုင်ငံအနောက်တောင်ပိုင်းနှင့်အရှေ့ မြောက်ပိုင်းတို့တွင် နှင်းမုန်တိုင်းများကျရောက်ခဲ့မှုတို့ကြောင့် အဝေးပြေးလမ်းမကြီးများတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ ရကြောင်းဖြင့် ဆင်ဟွာ သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။
တောင်အာဖရိကနိုင်ငံများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၂၆၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူဦးရေလည်း ထပ်မံတိုး လာနိုင်ကြောင်းဖြင့် ဒေသဆိုင်ရာသတင်းများက ဖော်ပြထားသည်။
ယေဘုယျအားဖြင့် စားသုံးသူများသည် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော အစားအစာများကိုဝယ်ယူစားသုံးမည်မဟုတ်ကြောင်း၊ သို့ရာတွင် အာဟာရဓာတ်များ အထူးကြွယ် ဝအောင်စီမံထားသည့် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော အစားအစာများကိုမူ သာမန်အစားအစာထက် ၇၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းပိုမိုပေး၍