မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၀-၃-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၄၈၇၀၄၇.၆၁၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၅၀.၅၄၅) သန်း၊ နယ်စပ်မှ (၂၄၈၅၃၁.၂၄၂) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၈၂.၃၃၄) သန်း၊ စုစုပေါင်း (၁၇၃၅၅၇၈.၈၅၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၃၂.၈၇၇) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၀-၃-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၀-၃-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၉၇.၅၅၅ | ၈.၉၆၉ | ၅၀၆.၅၂၄ | |
ကီလို | ၆၀၈၂၉၇.၇၉၀ | ၉၄၁၆.၀၁၀ | ၆၁၇၇၁၃.၈၀၀ | |||
၂ | ပဲတီစိမ်း | US$ | ၃၃၅.၈၉၂ | ၉၇.၈၆၁ | ၄၃၃.၇၅၃ | |
ကီလို | ၄၆၃၀၃၆.၈၁၁ | ၁၄၅၄၆၄.၆၅၄ | ၆၀၈၅၀၁.၄၆၅ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၁၆၅.၀၃၃ | ၀.၃၄၈ | ၁၆၅.၃၈၁ | |
ကီလို | ၂၁၁၆၅၀.၈၂၈ | ၄၈၅.၅၀၀ | ၂၁၂၁၃၆.၃၂၈ | |||
၅ | ကုလားပဲ | US$ | ၁၂.၉၅၁ | ၀.၀၂၇ | ၁၂.၉၇၈ | |
ကီလို | ၁၈၄၅၄.၂၄၆ | ၄၃.၀၀၀ | ၁၈၄၉၇.၂၄၆ | |||
၆ | ပဲလွန်းဖြူ | US$ | ၂၉.၁၃၅ | ၃.၇၀၄ | ၃၂.၈၃၉ | |
ကီလို | ၄၃၇၁၁.၀၈၀ | ၇၃၅၁.၈၅၃ | ၅၁၀၆၂.၉၃၃ | |||
၇ | မြေထောက်ပဲ | US$ | ၃၂.၁၈၇ | ၁၃.၃၁၄ | ၄၅.၅၀၁ | |
ကီလို | ၃၈၆၈၈.၂၁၇ | ၁၇၀၇၇.၉၆၀ | ၅၅၇၆၆.၁၇၇ | |||
၈ | ထောပတ်ပဲ | US$ | ၁၈.၆၀၈ | ၄.၅၃၀ | ၂၃.၁၃၈ | |
ကီလို | ၂၂၁၀၂.၄၆၂ | ၇၅၁၈.၆၅၇ | ၂၉၆၂၁.၁၁၉ | |||
၉ | ပဲယင်း | US$ | ၃၄.၄၃၃ | ၁၇.၆၅၅ | ၅၂.၀၈၈ | |
ကီလို | ၄၇၂၄၉.၄၂၃ | ၂၅၄၇၂.၅၁၂ | ၇၂၇၂၁.၉၃၅ | |||
၁၀ | ပဲကြီး | US$ | ၃.၂၆၆ | ၁.၇၀၉ | ၄.၉၇၅ | |
ကီလို | ၄၅၀၁.၉၈၆ | ၂၇၅၁.၁၇၀ | ၇၂၅၃.၁၅၆ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၉၄၄ | ၂.၉၄၄ | ||
ကီလို | ၄၅၂၇.၁၃၅ | ၄၅၂၇.၁၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၆၇၉ | ၀.၀၀၀ | ၀.၆၇၉ | |
ကီလို | ၁၀၅၇.၇၀၀ | ၀.၀၀၀ | ၁၀၅၇.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၄၄၃ | ၁.၄၄၃ | ||
ကီလို | ၂၄၈၆.၅၃၀ | ၂၄၈၆.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၁၄.၅၂၀ | ၀.၀၀၀ | ၁၄.၅၂၀ | |
ကီလို | ၁၉၉၈၁.၃၄၇ | ၀.၀၀၀ | ၁၉၉၈၁.၃၄၇ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၁၂၃ | ၀.၀၀၀ | ၀.၁၂၃ | |
ကီလို | ၁၃၅.၅၁၀ | ၀.၀၀၀ | ၁၃၅.၅၁၀ | |||
၁၇ | ပဲနီကြား | US$ | ၂.၁၆၁ | ၂.၁၆၁ | ||
ကီလို | ၅၂၇၉.၈၀၂ | ၅၂၇၉.၈၀၂ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၆၈၁ | ၀.၆၈၁ | ||
ကီလို | ၉၃၀.၈၇၀ | ၉၃၀.၈၇၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၂.၄၇၉ | ၂၉.၈၄၃ | ၃၂.၃၂၂ | |
ကီလို | ၂၄၃၂.၂၄၀ | ၂၄၁၅၀.၇၂၄ | ၂၆၅၈၂.၉၆၄ | |||
၂၁ | အခြားပဲ | US$ | ၀.၅၅၈ | ၀.၀၈၇ | ၀.၆၄၅ | |
ကီလို | ၉၆၄.၁၅၁ | ၁၀၂.၀၀၀ | ၁၀၆၆.၁၅၁ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၁၅၀.၅၄၅ | ၁၈၂.၃၃၂ | ၁၃၃၂.၈၇၇ | ||
ကီလို | ၁၄၈၇၀၄၇.၆၁၁ | ၂၄၈၅၃၁.၂၄၂ | ၁၇၃၅၅၇၈.၈၅၃ |