admin_ygn

  အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားနေကြောင်း၊ အဆိုပါတုပ်ကွေးရောဂါကြောင့် လူဦးရေ ၇၀၀ကျော် သေဆုံးခဲ့ ပြီး ရောဂါပိုးကူးစက်သူ ၁၁၉၅၅ ဦးရှိတယ်လို့ မဏိပူရပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။ မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့အိန္ဒိယအရှေ့မြောက်ပြည်နယ်များမှာလည်း တုပ်ကွေးရောဂါကူးစက်မှုအလွန်ကြီးမားနေတယ်လို့သိရှိရပါတယ်။

admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တောစခန်းမှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၃၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၀၀ ကျော်တင်ပို့နိုင်ပါတယ်။ စစ်တွေစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၁ သန်း ဖိုးရှိ  ငါးမြစ်ချင်း ၅၅ တန်၊ ငါးခေါင်းပွ ၁၅ တန်နဲ့ ငါးနီ တူခြောက် ၂ တန် တင်ပို့ခဲ့ပြီး မောင်တောစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၆၃ သန်းဖိုးရှိ ငါးကုန်းညိုခြောက် တန် ၃၀ ၊ ငါးနီတူခြောက် တန်  ၇၀ နဲ့ ငါးစုံ လေးခြောက် ၃၂၈ တန်ကျော်တင်ပို့ခဲ့ပါတယ်။

admin_ygn

  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ် Mobile Team အဖွဲ့က စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေစဉ် ဇန်နဝါ ရီလ ၂၆ ရက် ညနေ ၄နာရီ မီနစ်၂၀ ခန့်က (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဂျူတီဆောင်ပြီး ထွက်ခွာလာတဲ့ ၆ ဘီး ယာဉ်အားစစ်ဆေးရာမှာ အမယ်လွဲတင်ဆောင်လာတဲ့ နိုင်လွန်ဇာ ၈၂၈ ကီလိုဂရမ် (၁၉ ထုပ်) အားစစ်ဆေးတွေ့ရှိခဲ့ရပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၂ ဒသမ ၈၈၅ သိန်းရှိတယ်လို့သိရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ် သိမ်းဆည်းထားတယ်လို့သတင်းရရှိပါတယ်။

DCCA

admin_ygn

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် စခန်းထုတ်နုတ်အင်အား Mobile Team မှ ဒုတိယညွှန်ကြားရေးမှူးဦးစီးတဲ့အဖွဲ့သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှောင်ကွင်းလမ်းမှာစုပုံထားတဲ့ အထပ်သား၊ သွပ်ဆူးကြိုးခွေလိပ်နဲ့ အိမ်ရိုက်သံများကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိ အိမ်ဆောက်ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၆၄ သိန်း ခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံကာ အကောက် ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။

DCCA

admin_ygn

   ဖေဖော်ဝါရီလ တတိယပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၂၃၄ သန်းတန်ဖိုး ရှိတဲ့ နှမ်းရောင်စုံ ၁၂၄ တန်ခွဲတင်ပို့ခဲ့ပါတယ်။

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်တာ သီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ  ၀၁၀ သန်းတန်ဖိုးရှိ ဘိုစား ပဲသီး တန် ၅၀ ကို အမယ်သစ်အဖြစ်စတင်တင်ပို့ခဲ့ပါတယ်။

  ဗန်းမော်ခရိုင် ဝင်းပနေခြည်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမလီမိတက်နဲ့ ယူနန်ပြည်နယ်ပေါက်စမ်းခရိုင်၊ လုံမောက်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်တို့မှ ကချင်ပြည် နယ်အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ဖြင့် အကျိုးတူပူးပေါင်းပြီး အကြောအမျှင်မဲ့တိုင်ထောင်ဘိုစားပဲစိုက်ပျိုးခဲ့ကြပြီး ပိုလျှံဘိုစားပဲသီးတောင့်  (အစို)များအား တစ်ကီလိုလျှင် ၂၀၀ ကျပ်နှုန်းဖြင့် တင်ပို့ခဲ့ပါတယ်။

admin_ygn

   ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်နေသော Mobile Team လရ-၂အဖွ့ဲဟာ ဖေဖော်ဝါရီလ၃ ရက်မှ ၆ ရက်ထိလေးရက်တာကာလအတွင်းမှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းပေါ်မှ ၆ဘီး၊ ၁၂ ဘီး၊၂၂ဘီး သွင်းကုန် Duty ယာဉ်များအား စစ်ဆေးစဉ် ယာဉ် ၁၂ စီးပေါ်မှ ID ထက်ပိုမိုသယ်ဆောင်လာသော စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများကိုးစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ID ထက်ပိုမိုသယ်ဆောင်လာတဲ့ စားသောက်ကုန်များမှာ နာနတ်ဖျော်ရည်၊ Soy  Milk၊ Oyster Sauce၊ Sponsor အချိုရည်၊   ကြာဆံခြောက်၊ ငံပြ

admin_ygn

   မြဝတီမှ ရန်ကုန်သို့ထွက်ခွာလာတဲ့သွင်းကုန်ဂျူတီယာဉ် ၁၂ ဘီးအမျိုးအစားသည့် စစ်တောင်းတံတားဟောင်းနဲ့အသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာအခြေပြု၍ စစ်ဆေးရေးဆောင် ရွက်နေသော Mobile Team အဖွဲ့ (၂) ထံ ဝင်ရောက်စစ်ဆေးခံခဲ့ရာမှာ ID မှာ ကြေညာသည်ထက်ပိုမိုတင်ဆောင်လာသော Dog Food ၁၅ အိတ် (၃၁၀ ကီလိုဂရမ်) အား စစ်ဆေးတွေ့ရှိတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

DCCA

admin_ygn

    မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ယခုလကုန်သွယ်မှုပမာဏလျာထားချက်ပေါ် ၉၉ ရာခိုင်နှုန်းနီးပါးဆောင်ရွက်နိုင်ခြင်း၊ ဘဏ္ဍာနှစ် ၁၀လတာကာလမှာ လျာထား ချက်ကို ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခြင်းတို့ဟာ ကုန်သည်လုပ်ငန်းရှင်များနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများ အတူတကွ ပူးပေါင်းဆောင်ရွက် မှုကြောင့်အောင်မြင်ခြင်းဖြစ်ကြောင်း၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်အောင်ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းဖော်ဆောင်ကြရ မှာဖြစ်ကြောင်း၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နယ်မြေဒေသလည်းပိုမိုအေးချမ်းတည်ငြိမ်လာမှာဖြစ်ကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက ဇန်နဝါရ

admin_ygn

   တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း ထုတ်နုတ်အင်အားဖြင့် Mobile Team ဝှေ့ရဲစစ်ဆေးရေးဂိတ်မှ ဦးစီးအရာရှိဦးစီးတဲ့အဖွဲ့သည် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် ရှောင် တခင်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ တာချီလိတ် မိုင်းဆက်လမ်းကြောင်းပေါ်ရှိ စစ်မှုထမ်းဟောင်းကားရေဆေးခုံအနီးတွင် မိုင်းဆတ်သို့ သယ်ယူရန်စုပုံထားတဲ့ တရုတ်နိုင်ငံထုတ် စပါးအရက်နှင့် Blue River စီးကရက်များကို စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

DCCA