admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ လ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၀၂၄ သန်းတန်ဖိုးရှိတဲ့ တစ်သျှူးငှက်ပျောတန်ချိန် ၇၀၀၀ ကိုတင်ပို့ခဲ့ပါတယ်။ ကချင်ပြည် နယ်ဒေသထွက်တစ်သျှူးငှက်ပျောတစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးဟာ ကျပ် တစ်သိန်းခွဲဖြစ်ပြီး ဇန်နဝါရီလလယ်က တန်ချိန် ၆၂၀၀ တင်ပို့ခဲ့တယ်လို့သိရပါတယ်။

မော်မော်အောင် MIRT (DCCA)                     

admin_ygn

   ဖေဖော်ဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၄၄၆ သန်းတန်ဖိုးရှိတဲ့ ငွေချည် (၆) ဝါ ၂၀၂ တန်ခွဲ တင်ပို့ခဲ့သလို ကန်ဒေါ်လာ သုည ဒသမ ၉၁၆ သန်း တန်ဖိုးရှိတဲ့ လဲမှို့ ၁၀၉၁ တန်ကိုလည်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့ခဲ့ပါတယ်။ ငွေချည် (၆)ဝါကိုတော့ တရုတ်နိုင်ငံကပုံမှန်ဝယ်ယူမှုရှိပါတယ်။

မော်မော်အောင် MIRT (DCCA)

admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းမှ ဖေဖော်ဝါရီ ပထမပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၆၉၆ သန်းဖိုးရှိ ဆန်တန်ချိန် ၁၅၅၇၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။

   ယခင်သီတင်းပတ်က တင်ပို့မှုရှိခဲ့တဲ့ ချင်းရွှေဟော်စခန်းမှ ယခုတစ်ပတ်မှာမတင်ပို့နိုင်ခဲ့ပါဘူး။ မူဆယ် (၁၀၅)မိုင်မှ ကန်ဒေါ်လာ ၄ ဒသမ ၆၄၆ သန်းတန်ဖိုးရှိ ငစိန်ဆန် ၈၇၂၃ တန်နဲ့ ဧည့်မထဆန် ၃၈၅၃ တန်ခန့် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ် တင်ပို့မှုထက် တန် ၁၁၀၀၀ လျော့နည်းခဲ့ပါတယ်။

admin_ygn

   ဖေဖော်ဝါရီလ၄ ရက်နေ့ ၀၉ း၃၀ ချိန်ခန့်မှာ မန္တလေး-မူဆယ်လမ်းကြောင်းပေါ်ရှိ နောင်ချို Asia World Toll Gate အနီး တာဝန်ထမ်းဆောင်နေတဲ့ Mobile Team လရ-၁ အဖွဲ့ထံ Toyota Ipusm 6C/xxxx ဟာ ဝင်ရောက်စစ်ဆေးခံခဲ့ပါတယ်။ အဆိုပါ ယာဉ်ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအကြီး  ၆ တုံး ၆၆၂ ကီလို ဂရမ်နဲ့ ကျောက်တုံးအသေးများ ၃၁၃ ကီလိုဂရမ်ကို Mobile Team အဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးအရွယ်စုံ ၉၇၅ ကီလိုဂရမ်ဟာ ခန့် မှန်းတန်ဖိုးကျပ် ၉၅၇ သိန်းရှိတယ်လို့သိရပါတယ်။ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးများတင်ဆောင်လာတဲ့ယာဉ်ကို စစ်ဆေး

admin_ygn

   မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေးတာဝန်ထမ်းဆောင်နေသော Mobile Team အဖွဲ့ဟာ ဇန်န ဝါရီလ၂၆ ရက်နေ့က ကုန်တင်ယာဉ်သုံးစီးပေါ်မှ Back Hole ယာဉ် ၅ စီးနဲ့ အခြားပစ္စည်းများကို စစ်ဆေးတွေ့ရှိရကြောင်း Commerce Journal အတွဲ ၁၅ အမှတ် ၅ စာမျက်နှာ ၁၉ မှာ သတင်းဖော်ပြထားပြီးဖြစ်ပါတယ်။

admin_ygn

  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဇန်နဝါရီ ၂၄ ရက် နံနက် ၆ း ၁၅ ချိန်ခန့်မှာ မော်ထောင်း နမ့်တောင်ကျေးရွာအနီး ရှောင်ကွင်းလမ်း မှာစောင့်ဆိုင်းစဉ် ၁၂ ဘီးယာဉ် ၃ စီး၊  ၁၀ ဘီးယာဉ် ၁ စီးတို့နဲ့ နွားအရှင် ၂၅ ကောင်၊ ကျွဲအရှင် ၆၄ ကောင် စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ်  ၆၇၄ ဒသမ ၅၀ သိန်းအား တားဆီးနိုင် ခဲ့တယ်လို့သတင်းရရှိပါတယ်။ ကျွဲနွားအရှင် ၈၉ ကောင်ကို အဖွဲ့စုံနဲ့ မူဆယ် မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းအပ်နှံပြီးဖြစ်တယ်လို့သိရပါတယ်။

admin_ygn

   မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်မှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် နောင်ချိုယာယီအခြေပြု Mobile Team လရ-၁ အဖွဲ့ တာဝန်ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၃း၃၀ချိန်ခန့်မှာ သစ္စာဟိဏ်းမှန်လုံယာဉ် 8D/xxxx ပေါ် Gear Wheel Pinion၊  အနံ့ရည်၊ ကလေးအဝတ်အထည်၊ အလှဆီ၊ လက်သည်းဖျက်ဆေး၊ Acrylic Powder၊ Soldering Station Quick၊ Injet ink၊  ကားဘန်ဘာ၊ Portable Air Compressor စတဲ့လူသုံး၊ အိမ်သုံးပစ္စည်း ၁၀မျိုး၊ ခန့်မှန်းတန်ဖိုး ၃၉၁၄၀၀၀ ကျပ်အားသိမ်းဆည်းရမိတဲ့အတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီအမှုတွဲဖွင့်အရေးယူထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။

admin_ygn

 မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားနဲ့ Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးခေါင်ဆောင်တဲ့အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အေးရှားဝေါလ် တိုးဂိတ်အနီး ရှောင်ကွင်းလမ်းပေါ်မှာ စုပုံထားတဲ့ ကြိတ်သားအလှပြင်စင် ၁၅  စုံနဲ့ ကြိတ်သား TV စင် နှစ်ဖာတို့ကို ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ အလားတူဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အဆိုပါရှောင်ကွင်းလမ်းပေါ်မှာ ဆိုင်ကယ်အပိုပစ္စည်းများနဲ့ အင်ဂျင်ဝိုင်များကိုလည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိတဲ့ ကြိတ်သားအလှပြင်စင်၊ TV စင်၊ ဆိုင်ကယ်အပိုပစ္စည်းများနဲ့ အင်ဂျင်ဝိုင်များရဲ့ ခန့်မှန်းတန်ဖိုးမှာကျပ် ၁၀ သိန

admin_ygn

   မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးခေါင်းဆောင်တဲ့ အဖွဲ့သည် ဇန်နဝါရီလ ၆ ရက်နေ့တွင်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အေးရှားဝေါလ်တိုးဂိတ်အနီးရှောင်ကွင်းလမ်းပေါ်မှာ စုပုံထားတဲ့ အထပ်သား ၇၃ ချပ်ကို စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လည်း ဂျူတီယာဉ်အမှတ် (2F/xxxx) (၁၂ ဘီး)ပေါ်မှ  ID တွင် အမယ်လွဲတင်ဆောင်လာတဲ့ Plywood One side (4' x 8'x 2mm) ဖော်မီကာ ၄၉၉ ချပ်ကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ရှောင်ကွင်းလမ်းမှာ စုပုံထားတဲ့ အထပ်သားများနဲ့ ၁၂ ဘီး ယာဉ်ပေါ်မှ ဖော်မီကာများရဲ့ ခန့်မှန်းတန်ဖိုးမှာ

admin_ygn

   ပို့ကုန်သွင်းကုန် အချိုးဟန်ချက်ညီမျှရန်လိုအပ်ကြောင်း၊ ပို့ကုန်သွင်းကုန်အချိုးမညီပါက ကုန်သွယ်မှုလိုငွေပြမည်ဖြစ်ပြီး ရေရှည်မှာစီးပွားရေးထိခိုက်မှုဖြစ်လာနိုင်ကြောင်း၊ ဇန်န ဝါရီလ ၂၆ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန် ကြားရေးမှူး ဦးမြင့်ကျော်က ပြောကြားပါတယ်။ မြဝတီရဲ့ ကုန်သွယ်မှုပမာဏကိုလေ့လာကြည့်လျှင် ပို့ကုန်သွင်းကုန်အချိုးများစွာကွာဟနေကြောင်း၊ လျာထားချက်အပေါ်ဆောင် ရွက်နိုင်မှုကိုကြည့်လျှင် ပို့ကုန် ၂၈ ရာခိုင်နှုန်း၊ သွင်းကုန် ၇၈ ရာခိုင်နှုန်းရှိနေပါကြောင်း၊ သွင်းကုန်ပိုင်းတဖြည်းဖြည်းတ