ကံပိုင်တည်ကုန်သွယ်ရေးစခန်း

၁။     စခန်းအမည်                                   -   ကံပိုင်တည်ကုန်သွယ်ရေးစခန်း

၂။     စခန်းဖွင့်လှစ်ခဲ့သောခုနှစ်

        ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်း ကို ၂၀ဝ၃ ခုနှစ် ၊ဒီဇင်ဘာ လတွင် စတင်ဖွင့်လှစ်ခဲ့ သော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အခြားအခြေ အနေအရပ်ရပ် ကြေင့် ၂၀ဝ၆ ခုနှစ်၊ ဇွန်လတတိယပတ်တွင် ပိတ်သိမ်းခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေး စခန်းကို အဆင်မြှင့်တင်၍ ပြန်လည်ဖွင့်လှစ်ပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတစ်ဆင့် တင်ပြလာသဖြင့် ဝန်ကြီးချုပ်ရုံး၏ (၂၇-၆-၂၀ဝ၉) ရက်စွဲပါ စာအမှတ်၊ ၃၄၃/၂၁၃/အဖရ (၂၀ဝ၉) ဖြင့် စခန်းသစ်ဖွင့်လှစ်ခွင့်ပြုမိန့် ထုတ်ပြန်ပေး ခဲ့ ပါ သည်။ ထိုအမိန့်အရ ကံပိုင်တည်ကုန်သွယ် ရေးစခန်းကို ၂၀ဝ၉ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင် OSS အဖွဲ့ဝင် များအားလုံးပါဝင် သော နိုင်ငံတော်အဆင့် စခန်းအဖြစ် တရားဝင် ပြန်လည်ဖွင့်လှစ် ခဲ့ပါသည်။

၃။     တစ်ဖက်နိုင်ငံစခန်း/မြို့များ                   -    တရုတ်ပြည်သူ့သမ္မတနိုင်ငံဟေးရီးထန်(နယ်စပ်ဝင်/ထွက်ဂိတ်) ၊ ကူရုံးမြို့ ၊ ထိန်ချုံးမြို့

၄။     မျက်နှာစာ                                          -    ကံပိုင်တည်စခန်းသည် မြန်မာ - တရုတ်မျက်နှာစာပေါ်တွင်တည်ရှိပါသည်။

၅။     ကုန်သွယ်မှုပြုလုပ်သည့်ငွေကြေး           -    ကျပ် ၊ ယွမ် ၊ ဒေါ်လာ

၆။     အများဆုံးပို့ဆောင်သောကုန်ပစ္စည်း        -    တစ်သျှူး ၊ ငှက်ပျော၊ ပြောင်း၊ ဖရဲသီး ၊ရာဘာ

၇။     အများဆုံးတင်သွင်းသည့် ကုန်ပစ္စည်း      -    ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးအိမ်သုံးပစ္စည်းများ၊

၈။     ကုန်သွယ်မှုလမ်းကြောင်းအကွာအဝေးများ      

        မြစ်ကြီးနား   -       ကံပိုင်တည်           -       (၈၈) မိုင်    

         ကံပိုင်တည်  -       ဟေးရီးထန်           -       ( ၆ ) မိုင်  (နယ်စပ်ဝင်/ထွက်ဂိတ်)           

        ကံပိုင်တည်   -       ထိန်ချုံး                 -       (၇၁) မိုင်

၉။     ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ