E-Commerce Registration System သည် အွန်လိုင်းလုပ်ငန်းများကို တရားဝင်လုပ်ဆောင်နိုင်ရန်၊ စားသုံးသူများ၏ ယုံကြည်စိတ်ချမှုတိုးမြှင့်ရန်၊ စားသုံးသူများ၏အခွင့်အရေး ကာကွယ်ရန်နှင့် စီးပွားရေး လုပ်ငန်းအခွင့်အလမ်းများရရှိစေရေးတို့အတွက် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင် လက်မှတ်ကို လျှောက်ထားနိုင်သည့်စနစ်ဖြစ်ပါသည်။
Online CO Application (CofO) စနစ်သည် ပို့ကုန်တင်ပို့သူများအတွက် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်လျှောက်ထားမှုများကို ပိုမိုလွယ်ကူလျှင်မြန် စေရန်ရည်ရွယ်၍ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များအား Online စနစ်ဖြင့် လျှောက်ထားအသုံးပြုနိုင်ရေး ဆောင်ရွက် ထားသည့်စနစ်ဖြစ်ပါသည်။
ဤစနစ်သည် နယ်စပ်ပို့ကုန်ဆောင်ရွက်သူများအနေဖြင့် QR Code ပါဝင်သော ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် လျှောက်ထားနိုင်သော စနစ်ဖြစ်ပါသည်။ ပို့ကုန်ပစ္စည်းသယ် ဆောင်သည့်ယာဉ်များအနေဖြင့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်၌ ကုန်စည်စစ်ဆေးရေးဂိတ် များ၌ QR Code ကိုပြသ၍ Mobile App ဖြင့် စစ်ဆေးအတည်ပြုရမည်ဖြစ်ပါသည်။
Tradenet 2.0 စနစ်သည် ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို အွန်လိုင်းစနစ်အပြည့် အဝအသုံးပြုနိုင်ပြီး Tradenet Member၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်(၉)မျိုး၊ ပင်လယ်ရေကြောင်း/နယ်စပ်ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်တို့ကို လျှောက်ထား ထုတ်ယူနိုင်သည့်စနစ်ဖြစ်ပါသည်။
ယှဉ်ပြိုင်မှုဥပဒေသည် ဈေးကွက်အတွင်း တရားမျှတမှုမရှိသော စီးပွားရေးယှဉ်ပြိုင်ဆောင်ရွက်မှုများကို ထိန်းကျောင်းနိုင်ရေးအတွက် ပြဋ္ဌာန်းထားသောဥပဒေဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုများ၊လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုများအား မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။
မြန်မာပို့ကုန်လုပ်ငန်းရှင်များနှင့် MSME များကို ပြည်ပမှ ဝယ်ယူလိုသူများနှင့် ချိတ်ဆက်နိုင်မှု အခွင့်အလမ်း ပိုမို ဖြစ်ပေါ်လာစေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် Digital E-Commerce Platform မှတစ်ဆင့် လူကြီးမင်း ၏ လုပ်ငန်းနှင့် ထုတ်ကုန်များအကြောင်းကို အခမဲ့ တင်ပြနိုင်ပါသည်။
စာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံတင်စနစ် (CRFile System) ဆိုသည်မှာ စာပေနှင့် အနုပညာမူပိုင်ခွင့် ဆိုင်ရာ မှတ်ပုံတင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့် လွယ်ကူ လျှင်မြန်စွာ လျှောက်ထားဆောင်ရွက်နိုင်ပြီး ငွေပေးချေမှုများအတွက်လဲ အွန်လိုင်းငွေပေး ချေမှုစနစ်များနှင့် ချိတ်ဆက်ထားသော အွန်လိုင်း စနစ်တစ်ရပ် ဖြစ်ပါသည်။
အီလက်ထရောနစ် မူပိုင်ခွင့်မှတ်ပုံတင်စနစ် (WIPOFile System) ဆိုသည်မှာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ဆောာင်ရွက်ခြင်း လုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူလျှင်မြန်စွာ လျှောက်ထားဆောင်ရွက်နိုင်ပြီး အွန်လိုင်းငွေပေးချေမှု စနစ်များနှင့် ချိတ်ဆက်ထား သော အွန်လိုင်း စနစ်တစ်ရပ် ဖြစ်ပါသည်။
စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုများ(သို့)ကြော်ငြာ၊ ရောင်းချရန်ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်းတို့နှင့် ပတ်သက်သည့် တိုင်ကြားမှုများကိုသာ ဖြေရှင်းဆောင်ရွက်ပေးပါသည်။ စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပါသည်။