ယမကာတင်သွင်းခွင့် မှတ်ပုံတင် အသစ် / သက်တမ်းတိုး / ပြင်ဆင် လျှောက် ထားရာတွင် ဘာတွေလိုအပ်ပါသလဲ?
ယမကာ တင်သွင်းခွင့်မှတ်ပုံတင် လျှောက်ထားရာတွင် အောက်ပါ စာရွက် စာတမ်းများ လိုအပ်ပါသည်
(က) အသင့်သောက်သုံးနိုင်သောအရက်တင်သွင်းလိုသောကုမ္ပဏီများသည်
အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူလျှောက်ထား
ရမည်-
(၁) ကုမ္ပဏီ၏ Letter Head ပါလျှောက်လွှာ၊
(၂) ကုမ္ပဏီဒါရိုက်တာတစ်ဦးဦး၏ နိုင်ငံခြားဖြစ်အရက်ကိုလက်ကား ရောင်းချခွင့်လိုင်စင်(FL-11)
(၃) နိုင်ငံခြားဖြစ်အရက်ထုတ်လုပ်ဖြန့်ဖြူးသူ နှင့် တစ်ဦးတည်းဖြန့်
ဖြူးရောင်းဝယ်ခွင့် (Exclusive Distribution) သို့မဟုတ် ရောင်းဝယ်ခွင့်(Exclusive Dealership ) ကိုယ်စားလှယ် အဖြစ် ချုပ်ဆိုထားသောစာချုပ်
(၄) တင်သွင်းမည့်အရက်နှင့်စပ်လျဉ်းသည့်အချက်အလက်များ
(ကက) အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်း၊
(ခခ ) ကုန်ပစ္စည်းအမည်၊အမျိုးအစား၊ အမှတ်တံဆိပ်၊ ပါဝင်သည့်ပစ္စည်းနှင့်ထုတ်ပိုးမှုပုံစံ၊
(ဂဂ) ထုတ်လုပ်သည့်ခုနှစ်နှင့်သက်တမ်း၊
(ဃဃ) ထုတ်လုပ်သည့်နိုင်ငံ၊ကုမ္ပဏီအမည်နှင့်လိပ်စာ၊
(၅) သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုထား သည့်အရက်သိုလှောင်ခွင့်လက်မှတ်သို့မဟုတ် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်၊
(၆) အရက်သိုလှောင်ရုံ လိပ်စာနှင့်ရောင်းချမည့်လိပ်စာ၊
(ခ) အရက်ဆီ၊အရက်ပြင်းတင်သွင်းလိုသော ကုမ္ပဏီများသည် အောက်ပါ
စာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရမည်-
(၁) ကုမ္ပဏီ၏ Letter Head ပါလျှောက်လွှာ၊
(၂) ကုမ္ပဏီဒါရိုက်တာတစ်ဦးဦး၏ ပြည်ပမှ တင်သွင်းသောနိုင်ငံခြားအရက်ပြင်းကို ပေါင်းစပ်ခွင့် ၊ ရောနှောခွင့် ၊ အနံ့ထည့်ခွင့် နှင့် အရောင်းဆိုးခွင့် လိုင်စင်(FL-4) နှင့် နိုင်ငံခြားအရက်ပြင်းကိုပုလင်းသွတ်ခွင့်(FL-5) ယစ်မျိုးလိုင်စင်
(၃) နိုင်ငံခြားအရက် ထုတ်လုပ်ဖြန့်ဖြူးသူ နှင့် တစ်ဦးတည်း ဖြန့်ဖြူးရောင်းဝယ်ခွင့်(Exclusive Distrtibutorship)သို့မဟုတ် တစ်ဦး တည်းရောင်းဝယ်ခွင့် (Exclusive Dealership) ကိုယ်စားလှယ်အဖြစ် ချုပ်ဆိုထားသော စာချုပ်
(ကက) အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်း၊
(ခခ ) ကုန်ပစ္စည်းအမည်၊အမျိုးအစား၊ အမှတ်တံဆိပ်၊ ပါဝင်သည့်ပစ္စည်းနှင့်ထုတ်ပိုးမှုပုံစံ၊
(ဂဂ ) ထုတ်လုပ်သည့်နိုင်ငံ၊ကုမ္ပဏီအမည်နှင့်လိပ်စာ၊
(ဃဃ)အရက်ရောနှောပေါင်းစပ်၍ ထုတ်လုပ်ခြင်း၊ ပုလင်းသွပ် ခြင်းပြုလုပ်မည့်လိပ်စာ၊