၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းသုံးယာဉ်များ ပြည်ပမှတင်သွင်းခွင့်ပြုသည့် Model Year သတ်မှတ်ချက်ကို သိရှိလိုပါသည်။

လုပ်ငန်းသုံးယာဉ်များအား မော်တော်ယာဉ်အရောင်းပြခန်းများမှ တင်သွင်းရောင်းချနိုင်ရေး အတွက် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် (၂၀၂၃ ခုနှစ်မော်ဒယ် နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်) ဘယ်မောင်း (Left Hand Drive) ၊ အသစ် (Brand New) များကို တင်သွင်းခွင့်ပြုထားပါသည်။ လုပ်ငန်းသုံးယာဉ်များအား လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများမှ တင်သွင်း ရောင်းချနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်မော်ဒယ်နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်ယာဉ်များကို အသစ် (Brand New) အဖြစ်လည်းကောင်း၊ ၂၀၂၀ ခုနှစ်မော်ဒယ်မှ ၂၀၂၃ ခုနှစ်မော်ဒယ်အထိ ယာဉ် များကို Reconditioned  အဖြစ်လည်းကောင်း ဘယ်မောင်း (Left Hand Drive) ယာဉ် များသာ တင်သွင်းခွင့်ပြုထားပါသည်။