လျှပ်စစ်သုံးယာဉ်များ ပြည်ပမှတင်သွင်းခွင့်ပြုသည့် Model Year သတ်မှတ်ချက်ကို သိရှိလို ပါသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီများမှ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle) များ တင်သွင်းခွင့်အတွက် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် (၂၀၂၃ ခုနှစ်မော်ဒယ် နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်) ဘယ်မောင်း (Left Hand Drive) ၊ အသစ် (Brand New) များကို တင်သွင်း ခွင့်ပြုထားပါသည်။