အမိန့် (၆၃/၂၀၂၀) အရ အမှတ်တံဆိပ်လျှောက်ထားရာတွင် တစ်ဦးချင်းစီနှင့်/ သို့မဟုတ် အကျိုးတော်ဆောင်ကိုယ်စားလှယ်များမှသာ လျှောက်ထားခွင့်ရှိပါသလား။

မှတ်ပုံတင်လျှောက်ထားရာတွင် အမိန့် (၆၃/၂၀၂၀) ၏ အပိုဒ် (၃) အရ ပထမအဆင့် အနေဖြင့် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီ နှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် (WIPO File- Online IP filing System) ဖြင့် လျှောက် ထားခွင့်ပြုမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် လူကိုယ်တိုင် မူပိုင်ခွင့်ဌာနသို့ တိုက်ရိုက် ဖြစ်စေ၊ ပထမအဆင့်တွင် လျှောက်ထားခွင့်ရသူများမှ တစ်ဆင့်ဖြစ်စေ လျှောက်ထားခွင့်ပြု မည်ဖြစ်ပြီး ဒုတိယအဆင့်အား စတင်ဆောင်ရွက်မည့် နေ့ရက်ကို ထပ်မံ ကြေညာသွားမည် ဖြစ်ပါသည်။ ယင်းသို့အဆင့်(၂)ဆင့်ဖြင့် ခွဲခြားလျှောက်ထားရသော်လည်း ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (ခ) အရ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေးနှင့် လျှောက်ထားချက်ပါ လိုအပ် သည့် အခြေခံ အချက်အလက်များ ပြည့်စုံလျှင်လျှောက်ထားချက် တင်သွင်းသည့်နေ့အား တန်းတူအခွင့် အရေးရရှိမည် ဖြစ်ပါသည်။

IP