မည်သို့သောအမှတ်တံဆိပ်ပိုင်ရှင်များ လျှောက်ထားခွင့် ရှိသနည်း။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါ စာချုပ်စာတမ်းများ မှတ်ပုံ တင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ပိုင်ရှင် သို့မဟုတ် မှတ်ပုံမတင် ထားသော် လည်း နိုင်ငံတော်၏ဈေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ် ပိုင်ရှင်များ သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် (၆၃/၂၀၂၀)၊ အပိုဒ် (၁) အရ လျှောက်ထားနိုင်သည်။

အမိန့် (၆၃/၂၀၂၀) အရ အမှတ်တံဆိပ်လျှောက်ထားရာတွင် တစ်ဦးချင်းစီနှင့်/ သို့မဟုတ် အကျိုးတော်ဆောင်ကိုယ်စားလှယ်များမှသာ လျှောက်ထားခွင့်ရှိပါသလား။

မှတ်ပုံတင်လျှောက်ထားရာတွင် အမိန့် (၆၃/၂၀၂၀) ၏ အပိုဒ် (၃) အရ ပထမအဆင့် အနေဖြင့် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီ နှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် (WIPO File- Online IP filing System) ဖြင့် လျှောက် ထားခွင့်ပြုမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် လူကိုယ်တိုင် မူပိုင်ခွင့်ဌာနသို့ တိုက်ရိုက် ဖြစ်စေ၊ ပထမအဆင့်တွင် လျှောက်ထားခွင့်ရသူများမှ တစ်ဆင့်ဖြစ်စေ လျှောက်ထားခွင့်ပြု မည်ဖြစ်ပြီး ဒုတိယအဆင့်အား စတင်ဆောင်ရွက်မည့် နေ့ရက်ကို ထပ်မံ ကြေညာသွားမည် ဖြစ်ပါသည်။ ယင်းသို့အဆင့်(၂)ဆင့်ဖြင့် ခွဲခြားလျှောက်ထားရသော်လည်း ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (ခ) အရ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခ

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားရာတွင် မည်သည့်သက်သေခံ အထောက်အထားများကို တင်ပြရမည်နည်း။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်(၆၃/၂၀၂၀)အရ လျှောက်ထား ရာတွင် အမိန့် (၆၃/၂၀၂၀)၏ အပိုဒ် (၇)၊ (က) မှ (ဆ) အထိ သက်သေခံ အထောက် အထားများ အပြင် (ဇ) အရ အမှတ်တံဆိပ်အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အခြားမည်သည့် အထောက် အထားကိုမဆို တင်ပြနိုင်သည်။

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေပမာဏနှင့် မည်သို့ပေးဆောင် ရမည်နည်း။

အမိန့်(၆၃/၂၀၂၀) ၏ အပိုဒ် (၆) အရ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရန်အတွက် အခကြေးငွေနှင့် ပေးဆောင်ရမည့်နည်းလမ်းများကို သီးခြားထုတ်ပြန်ကြေညာသွားမည် ဖြစ် ပါသည်။

လျှောက်ထားရာတွင် မည်သည့်နည်းလမ်းကို အသုံးပြု၍ လျှောက်ထားရမည်နည်း။

လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ်ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေ အကျိုးဆောင်အဖွဲ့များအတွက် WIPO File Account လျှောက်ထားခြင်းအား သတင်းစာမှ တဆင့် အသိပေးကြေညာခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

မည်သို့သောသူများကို WIPO File Account ဖွင့်ပေးမည်နည်း။

WIPO File Account ကို ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များ ကိုသာ ဖွင့်လှစ် ပေးမည်ဖြစ်ပြီး ယင်း WIPO File Account လျှောက်ထားရာတွင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်လျှောက်ထားခဲ့သည့် အမှတ်တံဆိပ်စာရင်း ပူးတွဲပါရှိရမည် ဖြစ်သည်။ လျှောက်ထားသူ တစ်ဦးတစ်ယောက်ချင်းစီ (Individual) အတွက် WIPO File Account ဖွင့်လှစ်ပေးမည် မဟုတ်သေးပါ။

ကုန်အမှတ်တံဆိပ်ကို လျှောက်ထားရာတွင် Power of Attorney (POA) လိုအပ်ပါသလား။

ကုန်အမှတ်တံဆိပ်ကို လျှောက်ထားရာတွင် ကိုယ်စားလှယ်ခန့်အပ်ခြင်းအတွက် Power of Attorney (POA) လုံးဝမလိုအပ်ပါ။ Soft Opening ကာလအတွင်း ပထမအဆင့် အနေဖြင့် online filing ဖြင့် အမှတ်တံဆိပ်များကို လျှောက်ထားရာ၌ ကိုယ်စားလှယ်နှင့် စပ်လျဉ်းသည့် အချက်များကို ဖြည့်စွက် ရမည်ဖြစ်သော်လည်း ကိုယ်စားလှယ်ခန့်အပ်လွှာကို ပူးတွဲတင်ပြရန် မလိုအပ်သေးပါ။ ကိုယ်စားလှယ်ခန့်အပ်လွှာ တင်ပြရမည့်အချိန်အား ထပ်မံအသိပေးအကြောင်း ကြားမည်ဖြစ်သည်။ အမှတ်တံဆိပ် လျှောက်ထားချက် တစ်ခုချင်းစီ အတွက် ကိုယ်စားလှယ် ခန့်အပ်လွှာ တစ်စောင်စီ ပါရှိရမည် ဖြစ်သည်။

Online filing ဖြင့် လျှောက်ထားခြင်းအား မည်သည့်အချိန်တွင် စတင်အသုံးပြုနိုင်မည်နည်း။

အမိန့် (၆၃/၂၀၂၀) ၏ အပိုဒ် (၂) အရ Online Filing ဖြင့် လျှောက်ထားခြင်းအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။

ကုန်အမှတ်တံဆိပ်လျှောက်လွှာတစ်စောင်တွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစား အရေ အတွက် မည်မျှလျှောက်ထားနိုင်သနည်း။

ကုန်အမှတ်တံဆိပ်လျှောက်လွှာတစ်စောင်တွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုး အစား တစ်ခုထက်ပို၍ လျှောက်ထားနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ လျှောက်လွှာတစ်ခုတွင် multiple classes လျှောက်ထားနိုင်ပါသည်။

မှတ်ပုံတင်ပေးရန်လျှောက်ထားလာသော အမှတ်တံဆိပ်နှင့် စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး တွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် သို့မဟုတ် မှတ်ပုံမတင်ထားသော်လည်း နိုင်ငံတော်၏ ဈေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုနေသော အမှတ်တံဆိပ်များ တူညီရန်လိုအပ်ပါ သလား။

မှတ်ပုံတင်ရန်လျှောက်ထားသော အမှတ်တံဆိပ်သည် စာချုပ်စာတမ်းများ မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် သို့မဟုတ် မှတ်ပုံ မတင်ထားသော်လည်း နိုင်ငံတော်၏ဈေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်နှင့် ထပ်တူ ညီရမည် ဖြစ်ပြီး ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု အမျိုးအစားများလည်း ထပ်တူညီ ရမည် ဖြစ်ပါသည်။