အမှတ်တံဆိပ်သော်လည်းကောင်း၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု အမျိုးအစားသော်လည်း ကောင်း ကွဲလွဲလျှင် အမှတ်တံဆိပ် အသစ်အဖြစ် ယူဆမည်ဖြစ်ပြီး အဆိုပါ အမှတ်တံဆိပ် အသစ်များအတွက် မူပိုင်ခွင့်ရုံး တရားဝင်စတင်ဖွင့်သည့် နေ့ရက်မှသာ လက်ခံဆောင်ရွက်သွား မည် ဖြစ်ပါသည်။
သက်သေခံအထောက်အထားမျာအား မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် လက်ခံမည်ဖြစ်ပါသည်။ တခြားဘာသာစကားများဖြင့် ရေးသားထားသော သက်သေခံ အထောက်အထားများကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆို (translation) ပေးရမည် ဖြစ်ပါသည်။