စားနပ်ရိက္ခာဖူလုံရေး၊ ကုန်သွယ်မှုစံနှုန်းများ ပြည့်မီရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများထံ ဂျာမနီ၏ ပံ့ပိုးကူညီမှုတိုးမြင့်လာ

 

ဂျာမန်ဖက်ဒရယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (BMZ) သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စားနပ်ရိက္ခ္ခ္ခာဖူလုံမှုရှိရေး၊ ကမ္ဘာဈေးကွက်နှင့် ဒေသတွင်းစျေးကွက်များသို့ ကုန်သွယ်မှုပြုလုပ်ရာတွင် တိရစ္ဆာန်နှင့်အပင်များ၏ ကျန်းမာရေးစံချိန်စံညွှန်းများ နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီစေရန် စံနှုန်းနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုအဖွဲ့(STDF) သို့  ယူရို ၆ သိန်း (CHF ၅၆၀၀၀ ခန့်) ပံ့ပိုးကူညီလျက်ရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ 

ဂျာမနီမှပံ့ပိုးပေးသော ရန်ပုံငွေအသစ်သည် ၂၀၂၅-၂၀၃၀ ခုနှစ်များအတွက် STDF မဟာဗျူဟာ သစ်အရ လုပ်ငန်းများကို အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို အကျိုးပြု သည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်အတွက် တီထွင်ဆန်းသစ်မှုများကို စမ်းသပ်လုပ်ဆောင် နိုင်ရန်နှင့် လူ၊ တိရစ္ဆာန်၊ အပင်ဇီဝတို့၏ ကျန်းမာရေးဆိုင်ရာနည်းလမ်းများ ကျင့်သုံးရေးသဘော တူညီချက် (SPS) စွမ်းဆောင်ရည်များ ရေရှည်တည်တံ့နိုင်စေရန် ရည်ရွယ်ပါသည်။

WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ဂျာမနီ၏ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ရှိ ကြောင်း၊ ဤပံ့ပိုးမှုအသစ်သည် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့စီးပွားရေးမသေချာမရေရာမှုများနှင့် နည်းပညာဆိုင်ရာပြောင်းလဲမှုများကြောင့် သက်ရောက်မှုရှိသော ယနေ့ခေတ်အခင်းအကျင်းတွင် STDF ၏ အရေးပါမှုကို အလေးပေးဖော်ပြလျက်ရှိကြောင်း၊ STDF သည် ပြည်သူများ၏ သုခနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို တိုက်ရိုက်သက်ရောက်မှုရှိသော အဓိကကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ 

BMZ မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Ariane Hildebrandt က နိုင်ငံတကာကုန်သွယ်ရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပါဝင်မှုကို ထောက်ပံ့ပေးနိုင်ရန် ဂျာမနီက ကတိကဝတ်ပြုထားကြောင်း၊ မဟာဗျူဟာသစ် ဆောင်ရွက်မည့်ကာလ ၂၀၂၅-၂၀၃၀ ခုနှစ်များတွင် STDF နှင့် BMZ ၏ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ပြီး ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးကုန်သွယ်မှုကို ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။ 

STDF သည် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့ (WOAH)၊ ကမ္ဘာ့ဘဏ်အုပ်စု (WBG)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTOတို့က ပူးပေါင်းတည်ထောင်၍ ဘေးကင်းပြီး အားလုံးပါဝင်သော ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် ဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။ STDF သည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို ပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှု၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပါသည်။

ရင်းမြစ်၊ https://www.wto.org/english/news_e/pres25_e/pr971_e.htm