နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲအနေဖြင့် ကုန်သွယ်မှုကဏ္ဍများတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသနည်း။

နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲအနေဖြင့် ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးပေးခြင်းများကို ဆောင် ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ်များရှိပါသလား။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ် (၃)ခုရှိပါသည်။ ၎င်းတို့မှာ-
(က) မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားကုန်သွယ်ရေးသဘောတူစာချုပ်ကို၁၉၈၉ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
( ခ ) မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားကုန်သွယ်ရေးပူးတွဲကော်မတီထူထောင်ရေးနားလည်မှုစာချွန်လွှာကို ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ်များရှိပါသလား။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ် (၂) ခုရှိပါသည်။ ၎င်းတို့မှာ- 
(က) မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြားကုန်သွယ်ရေးသဘောတူစာချုပ်ကို ၁၉၉၄ ခုနှစ်၊မေလ ၁၃ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
( ခ ) မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံအကြားကုန်သွယ်ရေးပူးတွဲကော်မတီထူထောင်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို၂၀၀၂ ခုနှစ်၊ မေလ၊ ၆ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

မြန်မာနိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ်များရှိပါသလား။

မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ် (၂)ခုရှိပါသည်။ ၎င်းတို့မှာ-
(က) မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြားကုန်သွယ်ရေးသဘောတူစာချုပ်ကို    ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
( ခ ) မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြားကုန်သွယ်ရေးနှင့် စက်မှုပူးပေါင်း    ဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် မြန်မာနိုင်ငံ၊ နေပြည်တော်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
 

မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအကြား ချုပ်ဆိုထားသည့် စာချုပ်များရှိပါသလား။

မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအကြားချုပ်ဆိုထားသည့် စာချုပ် (၂) ခုရှိပါသည်။ ၎င်းတို့မှာ-
(က) မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအကြားကုန်သွယ်ရေး    သဘောတူစာချုပ်ကို ၁၉၉၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၊ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
(ခ)  မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အကြား နယ်စပ်ကုန် သွယ်ရေးဆိုင်ရာ အခြေပြစာချုပ်ကိုတော့ ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၆  ရက်နေ့တွင် ဗီယက်နမ် နိုင်ငံ  ဗီယင်တဲမြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်သမ္မတနိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ်များရှိပါသလား။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ် (၁)ခုရှိပါသည်။ ၎င်းတို့မှာ-
(က)  မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်သမ္မတနိုင်ငံအကြားကုန်သွယ်ရေးသဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
 

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့်နိုင်ငံ ဘယ်နှစ်နိုင်ငံရှိပါသလဲ။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံ (၁၀)နိုင်ငံရှိပါသည်။ ၎င်းနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကိုရီးယား၊ ပါကစ္စတန်နိုင်ငံတို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးပူးတွဲကော်မရှင်/ကော်မတီအစည်းအဝေး ကျင်းပသည့်နိုင်ငံ ဘယ်နှစ်နိုင်ငံရှိပါသလဲ။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးပူးတွဲကော်မရှင်/ကော်မတီအစည်းအဝေးကျင်းပသည့်နိုင်ငံ (၅) နိုင်ငံရှိပါသည်။ ၎င်းနိုင်ငံများမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့်နိုင်ငံ ဘယ်နှစ်နိုင်ငံရှိပါသလဲ။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံ (၅)နိုင်ငံ ရှိပါသည်။ ၎င်းနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို တို့ ဖြစ်ပါသည်။