ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်များမှ ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲ များ ကြုံတွေ့ရပါက နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲအနေဖြင့်မည်သို့ ကူညီဖြေရှင်း ဆောင်ရွက်ပေးသနည်း။

ကုန်သွယ်မှုဆောင်ရွက်နေသည့် လုပ်ငန်းရှင်များမှ ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရပါက သံတမန်လမ်းကြောင်းမှတစ်ဆင့် ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် နှစ်နိုင်ငံအကြား ကျင်းပသည့် အစည်းအဝေးများ၌ ထည့်သွင်းဆွေးနွေးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံနှင့် ဆန်စာချုပ် ချုပ်ဆိုထားသည့် နိုင်ငံရှိပါသလား။ တစ်နှစ်လျှင် ဆန်တန် ချိန် မည်မျှတင်ပို့ရန် သဘောတူထားပါသလဲ။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် နှစ်နိုင်ငံဝန်ကြီးအဆင့်မှ သက်တမ်းတိုး လက်မှတ် ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာသည် သက်တမ်း (၅) နှစ် ရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် မြန်မာဆန်ဖြူတန်ချိန် (၂၅၀,၀၀၀) နှင့် ပေါင်းဆန် (၅၀,၀၀၀) တို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် သဘောတူညီခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပဲကုန်သွယ်မှုနှင့်ပတ်သက်၍ နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆိုထားခြင်း ရှိပါသလား။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ နှစ်စဉ်မတ်ပဲတန်ချိန် (၂.၅) သိန်းနှင့် ပဲစင်းငုံတန်ချိန် (၁) သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့် နောင်ဘဏ္ဍာ နှစ် (၅) နှစ်အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် သဘောတူခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ကုန်သွယ်မှု မူဝါဒလေ့လာဆန်းစစ်ခြင်းဆိုသည်မှာ အဘယ်နည်း။

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွက် ရိုးရှင်းလွယ် ကူစေခြင်း၊ ခေတ်မီတိုးတက်စေခြင်း နှင့် ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းစဉ် သဟဇာတ ဖြစ်စေရေး ထွက်ပေါ်လာသည့် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဘာလီ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ဆိုင်ရာဝန်ကြီးများညီလာခံတွင် ဆွေးနွေး အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ ၃ ပုံ ၂ ပုံခန့် အတည်ပြု သတ်မှတ်ပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် နေ့တွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ကို စတင် အသက်ဝင်စေခဲ့ပါသည်။ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်တွင် ကုန်စည် များ တစ်ဆင့်ဖြတ်ကုန်သွယ်ခြင်း အပါအဝင် ကုန်စည်စီ

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားရာတွင် ဘာတွေ လိုအပ်ပါ သလဲ?

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားရာတွင် အောက်ပါ အချက် အလက်များလိုအပ်ပါသည်-
            (က)    ကုမ္ပဏီ၏ Phone, Fax, Email တို့ပါရှိသည့် Letter Head ပါလျှောက် လွှာ၊
            (ခ )     ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် MyCo(Extract)၊
            (ဂ)     အများပိုင်ကုမ္ပဏီဖြစ်ပါကလုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်၊

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကြေး ဘယ်လောက်ပေးသွင်းရပါသလဲ?

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ဆောင်ရွက်ရာတွင် မှတ်ပုံတင် ကြေး(၂၀၀၀၀၀)ကျပ်နှင့်online ကြေး(၃၀၀၀)ကျပ်ပေးသွင်းရပါသည်။

စီးပွားရေးအကျိုးဆောင်မှတ်ပုံတင် အသစ် / သက်တမ်းတိုး / ပြင်ဆင် လျှောက် ထားရာတွင် ဘာတွေလိုအပ်ပါသလဲ?

စီးပွားရေးအကျိုးဆောင်မှတ်ပုံတင် အသစ် / သက်တမ်းတိုး / ပြင်ဆင် ထားရာတွင် အောက်ပါ အချက်အလက်များ လိုအပ်ပါသည်-
            (က)    ကုမ္ပဏီ Letter Head ပါလျှောက်လွှာ
            (ခ )     စီးပွားရေးအကျိုးဆောင်ခန့်အပ်သည့်စာ/စာချုပ် (မူရင်း + မိတ္တူ+ Notary +သံရုံး)။
            (ဂ )    ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ။